China Mobile Telecom က Redmi K30S ကို ပြီးခဲ့တဲ့ ရက်ပိုင်းက မတော်တဆ ပြသခဲ့မိပါတယ်။ အဲဒီ ဖုန်းဟာ Mi 10T ကို နာမည်ပြောင်း ရောင်းချတာ ဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ TENAA မှာ အဲဒီ ဖုန်းရဲ့ Specs အပြည့်အစုံနဲ့ ရှုထောင့်မျိုးစုံကနေ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး Mi 10T ကို နာမည်ပြောင်းရောင်းမယ်ဆိုတာ သေချာသွားပါပြီ။

အဲဒီ ဖုန်းရဲ့ မော်ဒယ်နံပါတ်ဟာ M2007J3SC ဖြစ်ပြီး 64MP ကင်မရာ ၁ လုံး ပါလာပါတယ်။ 108MP ကင်မရာ ပါတဲ့ Mi 10T Pro ကို Redmi K30S Pro နာမည်နဲ့ ရောင်းချမလားတောင် ထင်ရပါတယ်။

Specs Sheet အရ Redmi K30S မှာ RAM Option ၃ ခု ပါလာမှာ ဖြစ်ပြီး 6/8/12GB တွေ ဖြစ်ပါတယ်။ Storage အပိုင်းမှာတော့ 128/256/512GB တွေ ရွေးချယ်နိုင်မှာပါ။ ဘယ်လို အတွဲအစပ်တွေနဲ့ ထွက်လာမလဲ ဆိုတာ မသိရသေးပါဘူး။ ဘက်ထရီက 5,000mAh ဖြစ်ပြီး ဒီဇိုင်းကလည်း Xiaomi Mi 10T နဲ့ တစ်ပုံစံထဲ ဖြစ်ပါတယ်။

မျက်နှာပြင်ကို ၆.၆၇ လက်မ LCD Full HD+ လို့ ဖော်ပြထားပြီး ညာဘက်ခြမ်းက ပါဝါ ခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ မသိရသေးတာက Redmi K30S ကို ကြေညာမယ့် အချိန်နဲ့ ဈေးနှုန်းပါ။

Ref  : gsmarena