ပြီးခဲ့တဲ့တစ်ပါတ်က Redmi K30S ရဲ့ Spec တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ Redmi ရဲ့ အထွေထွေမန်နေဂျာက Weibo မှာ Device နဲ့ ပတ်သက်တဲ့ Teaser ကို တင်ခဲ့သလို၊ Xiaomi ရဲ့ Mobile division ဥက္ကဋ္ဌကလည်း အဲဒီ Post ကို တုန့်ပြန်မှုလုပ်ခဲ့ပါတယ်။ ဒါတွေက Redmi K30S ကို မကြာခင်မိတ်ဆက်တော့မယ်ဆိုတာ သေချာစေခဲ့ပါတယ်။

Tipster တစ်ဦးကတော့ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ Redmi K30S ကို မိတ်ဆက်မှာဖြစ်ပြီး ၁၁ ရက်၊ ၁၁ လ ဈေးဝယ်ပွဲတော်နေ့ (Single’s Day) မတိုင်မီ စက်တင်ဘာလ ၁ ရက်နေ့မှာ ရောင်းချမယ်လို့ အခိုင်အမာပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ပြောဆိုချက်နဲ့ပက်သက်ပြီး ခိုင်မာတဲ့အထောက်အထားနဲ့ တရားဝင်အတည်ပြုချက်တော့ မတွေ့ရသေးပါဘူး။

Digital Chat Station ကတော့ K30S ရဲ့ ဈေးနှုန်းဟာ မျှော်မှန်းထားတာထက် နိမ့်ပြီး Dimensity 1000+ နဲ့ Redmi K30 Ultra ထက် ဈေးနိမ့်မယ်လို့ ဆိုပါတယ်။ K30S ဟာ Snapdragon 865 chipset ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ China Mobile က Weibo မှာ Xiaomi Mi 10T ရဲ့ပုံကို တင်ထားပြီး Redmi K30S လို့ ခေါင်းစဉ်တပ်ပေးထားပါတယ်။

TENAA ကတစ်ဆင့်သိရတဲ့ အသေးစိတ်အချက်အလက်တွေအရလည်း K30S ဟာ Mi 10T ကို အခြေခံထားတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဈေးနှုန်းပိုင်းကိုပြောမယ်ဆိုရင်တော့ K30 Ultra ဟာ 6/128GB မော်ဒယ်အတွက် တရုတ်ယွမ်ငွေ ၂၀၀၀ (၃ သိန်း ၈ သောင်းခွဲဝန်းကျင်) ကျသင့်တာဖြစ်ပါတယ်။ ဒါဟာ တူညီတဲ့ Memory configuration နဲ့ ဥရောပဈေးကွက်မှာ ရောင်းချတဲ့ Mi 10 T ရဲ့ ဈေးနှုန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် ထက်ဝက်ကွာဟနေတာလည်း ဖြစ်ပါတယ်။

အကယ်၍ K30S သာ K30 Ultra ထက် ဈေးနည်းမယ်ဆိုရင်တောင် အများကြီးကွာဟမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ Snapdragon 865 သုံးထားတဲ့ K30 Pro ရဲ့ဈေးနှုန်းကတော့ တရုတ်ယွမ်ငွေ ၃၀၀၀ (၅ သိန်း ၈ သောင်းနီးပါး) ဖြစ်ပါတယ်။

Ref: GSM Arena