Xiaomi ဟာ အခုအချိန်မှာ Qualcomm Snapdragon 888 Chipset ကို အသုံးပြုထားတဲ့ Mi 11 စမတ်ဖုန်းကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ မကြာခင်မှာလည်း Mi 11 Pro ဖုန်းအပြင် Mid Range အနေနဲ့ Mi 11 Lite ကို မိတ်ဆက်လာဖို့လည်း စီစဥ်ထားတယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ Xiaomi ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Redmi ကနေလည်း Snapdragon 888 Chipset နဲ့ Redmi K40 Pro ဖုန်းကို မိတ်ဆက်ဖို့ နီးကပ်နေပြီလို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါ Redmi K40 Pro ဖုန်းရဲ့ Render ဓါတ်ပုံတွေစတင်ပေါက်ကြားလာတာကြောင့်ဖြစ်ပါတယ်။

Redmi K40 Pro ဖုန်းမှာ အဓိကပြောင်းလဲမှုအနေနဲ့ Selfie Camera အတွက် ယခင်တုန်းကလိုမျိုး Pop-up Selfie Camera ပါဝင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ အဲ့ဒီအစား Display ရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာ Single Punch-hole Design နဲ့ ထည့်သွင်းထားမှာဖြစ်ပါတယ်။

နောက်ဘက် Camera Design အနေနဲ့လည်း Redmi K30s ဖုန်းနဲ့ ဆင်တူသလို Mi 11 နဲ့လည်း ဆင်တူနေပါတယ်။ Quad Camera Setup ကို အသုံးပြုလာမယ်လို့ ယူဆရပြီး Primary Sensor အနေနဲ့ 108MP Sensor ပါဝင်လာဖွယ်ရှိနေပါတယ်။ လက်ရှိထွက်ပေါ်ထားတဲ့သတင်းတွေအရတော့ Redmi K40 Pro ဟာ High Refresh Support ပြုလုပ်တဲ့ IPS LCD Display ကိုပဲ အသုံးပြုလာမှာဖြစ်တဲ့အတွက် Fingerprint Sensor ကို ဘေးဘက် Power Button မှာ ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။

Redmi K30 Pro

ဘာပဲဖြစ်ဖြစ် ကျန်တဲ့ Stereo Speaker ၊ Wi-FI 6 လိုမျိုး Feature တွေလည်း ပါဝင်လာမှာဖြစ်သလို Battery အနေနဲ့လည်း Fast Charging ကို Support ပြုလုပ်တဲ့ 4500mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။

Ref – Giz China