Xiaomi ဟာ လာမယ့် ၂၀၂၁ ခုနှစ်အစောပိုင်းမှာ Qualcomm Snapdragon 888 Chipset ကိုအသုံးပြုထားတဲ့ စမတ်ဖုန်းအမျိုးအစား ၃ မျိုးအထိ မိတ်ဆက်ဖို့စီစဥ်နေတာဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ Xiaomi Mi 11 Series စမတ်ဖုန်းတွေကို မိတ်ဆက်မှာဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ Redmi K40 Pro ဖုန်းကို မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

အခုလည်း Redmi K40 Pro နဲ့သက်ဆိုင်တဲ့သတင်းတစ်ခုကပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ ဒါကတော့ Redmi K40 Pro မှာ ယခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ Redmi K30 Pro လိုမျိုး Pop-up Selife Camera ကို အသုံးပြုမှာမဟုတ်တော့ဘဲ ပုံမှန် Punch-hole Selfie Camera ကိုပဲ အသုံးပြုလာမယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ Leakster တစ်ဦးဖြစ်တဲ့ Sudhanshu Ambhore ကနေ ပြောကြားခဲ့တာဖြစ်ပြီး Redmi K40 Pro စမတ်ဖုန်းရဲ့ အပေါ်ဘက် ဘယ်ဘက်ထောင့်မှာ Punch-hole Selfie Camera ကို ထည့်သွင်းလာမယ်လို့ သိရပါတယ်။ Punch-hole အရွယ်အစားအနေနဲ့ 3.7mm ပဲရှိမှာဖြစ်ပြီး Flat OLED Display ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခုလိုမျိုး Redmi K40 Pro အနေနဲ့ Punch-hole Selfie Camera ကို အသုံးပြုလိုက်တဲ့အပြင် Display မှာလည်း High Refresh Rate Support ကိုပါ ရရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့် Refresh Rate ဘယ်လောက်အထိ Support ပေးနိုင်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Redmi K40 Pro က Qualcomm Snapdragon 888 Chipset ကို အသုံးပြုလာမှာဖြစ်ပြီး Redmi K40 ဖုန်းကတော့ MediaTek Dimensity 1000+ Chipset ၊ 120Hz LCD Display ၊ 4500mAh Battery နဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

Ref – Gizmo China