Xiaomi ရဲ့ ထုတ်ကုန်သစ်ဖြစ်လာမယ့် မော်ဒယ်နံပါတ် M2006J10C ရဲ့ သတင်းတွေ ထပ်ပြီးထွက်ပေါ်လာပါပြီ။ ပြီးခဲ့တဲ့ လလယ်ပိုင်းတုန်းက Redmi K40 အနေနဲ့ ဖြန့်ချိလာဖွယ်ရှိတဲ့ Xiaomi Mi CC10 ကို 33W အားသွင်းစနစ်နဲ့အတူ 3C မှာ တွေ့ခဲ့ရပါတယ်။ အခုတော့ MIIT မှာ ထပ်ပြီးတွေ့လာရပြန်တာပါ။

33W အားသွင်းစနစ်ဟာ K30 Pro နဲ့အတူတူပဲဖြစ်သလို၊ အခုထွက်ပေါ်လာတဲ့ ကွန်ရက်ချိတ်ဆက်မှုအပိုင်းကလည်း အတူတူပဲ ဖြစ်ပါလိမ့်မယ်။ Redmi K40 ကို MIIT မှာတွေ့မြင်ရတာက ဒီဟန်းဆက်ဟာ 5G ကွန်ရက် ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ ပြောနိုင်တာပဲ ဖြစ်ပါတယ်။ Chinese Wireless Regulator ဟာ ဒီဟန်းဆက်ကို 5G ကွန်ရက်မှာ အသုံးပြုနိုင်မယ်လို့ အတည်ပြုပေးခဲ့တာပါ။

Redmi K30 Series ဖုန်းတွေဟာ Snapdragon 865 နဲ့ 765G chipset တွေသုံးပြီး 5G ချိတ်ဆက်နိုင်ပြီးဖြစ်တာကြောင့် K40 ကလည်း 5G သုံးနိုင်မယ်ဆိုတာကတော့ အံ့သြစရာ မဟုတ်ပါဘူး။ Vinilla Redmi K40 မှာ 800-series chip တွေ အသုံးပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Qualcomm ရဲ့ Chipset သစ်ကိုတော့ အသုံးပြုလာနိုင်ပါတယ်။

Redmi K30 Pro

Qualcomm ဟာ Snapdragon 775 ကို ကြေညာဖို့ ရှိတယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ကောလာဟလတွေထွက်ခဲ့ပေမယ့်လည်း တကယ်တမ်း ပွဲထုတ်ခဲ့တာက Snapdragon 690 ဖြစ်ပါတယ်။ ဒါဟာ 600-series မှာ ဈေးအသက်သာဆုံး 5G chipset လည်း ဖြစ်ပါတယ်။ ဒီ Chipset ဟာ Global 5G bands တွေရဲ့ sub-6 GHz အမျိုးအစားတွေကို ထောက်ပံ့ပေးပါတယ်။ Redmi K40 မှာသုံးနိုင်တဲ့ Qualcomm ရဲ့ အခြား 5G chipset တွေ ရှိပါသေးတယ်။ K40 စီးရီးမှာလည်း အနည်းဆုံးတော့ K40 Pro ထပ်ရှိလာဦးမှာပါ။

Ref: GSM Arena’