Xiaomi က စွမ်းဆောင်ရည်မြင့် Redmi K50 Extreme Edition ရဲ့ Teaser ကို စတင် မျှဝေနေပြီး ဒီလကုန် ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းမှာ 3.2 GHz Clock Speed နဲ့ အဆင့်မြင့် 5G Modem ပါတဲ့ Snapdragon 8+ Gen 1 Chip မောင်းနှင်ထားမှာ ဖြစ်ပါတယ်။

ပေါက်ကြားသတင်းအရ Redmi K50 Extreme Edition မှာ ၆.၆၇ လက်မ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate နဲ့ HDR10+ နည်းပညာ ထည့်သွင်းထားမှာပါ။ 12GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာပါ။

Redmi K50 Extreme Edition

အနောက်ဘက်မှာ 200MP Main ကင်မရာ ၁ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 8MP Wide-angle ၊ 2MP ကင်မရာတွေနဲ့ အားဖြည့်ထားမှာပါ။ အရှေ့ ကင်မရာ အနေနဲ့ 20MP ကင်မရာ တပ်ဆင်ထားမှာပါ။ 120W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားမှာပါ။

Xiaomi ဟာ ဒီနှစ်ကုန်မှာ Xiaomi 13 စမတ်ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပြီး Snapdragon 8 Gen 2 SoC ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။ Samsung ဟာ UFS 4.0 Flash Memory အသစ်ကို ကြေညာထားပြီး Xiaomi 13 မှာ ပါလာမှာပါ။

Ref : gizchina