Redmi K50 Gaming Edition ကို ဒီလ ၁၆ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး ကုမ္ပဏီက Shoulder Tirggers အပါအဝင် ဖုန်း ဒီဇိုင်းနဲ့ လုပ်ဆောင်ချက် အနည်းငယ်ကို သတင်းပေးထားပြီးပါပြီ။ အခုတော့ Redmi က ကင်မရာ သတင်းအချက်အလက်တွေကို ပြောပြလာပါတယ်။

Redmi K50 Gaming Edition ရဲ့ ပင်မ ကင်မရာက 64MP Sony IMX686 ဖြစ်ပြီး ညဘက်ဓါတ်ပုံတွေကို အထင်ကြီးစရာကောင်းစွာ ရိုက်ကူးပေးနိုင်မှာ ဖြစ်ကာ အမြင့်ဆုံး အနေနဲ့ 9248x6944p Resolution ကို ထောက်ပံ့ပေးမှာပါ။ မျက်နှာပြင် အထက်အလယ်က Punch Hole မှာ 20MP Sony IMX596 ကင်မရာ တပ်ဆင်ထားမှာပါ။ ကုမ္ပဏီက အဲဒီ ကင်မရာ ၂ လုံးနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို မျှဝေထားပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

ဒါ့အပြင် Redmi က K50 Gaming Edition မှာ Exposure ကို အချိန်နဲ့တစ်ပြေးညီ ချိန်ညှိနိုင်တဲ့ Anti-flicker Sensor ၁ လုံးပါမယ်လို့ ပြောပါတယ်။

Redmi K50 Gaming Edition will come with 64MP IMX686 and 20MP IMX596 shooters, company shares camera samples

အရင်က အတည်ပြုထားတဲ့ လုပ်ဆောင်ချက်တွေထဲမှာ FullHD+ OLED မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate တွေ ပါဝင်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားမှာ ဖြစ်ကာ DisplayMate ရဲ့ A+ Certification ရထားပါတယ်။

Redmi K50 Gaming Edition will come with 64MP IMX686 and 20MP IMX596 shooters, company shares camera samples

Redmi က K50 Gaming Edition ရဲ့ ငွေရောင်ကို ပြသထားပြီး အနည်းဆုံး ၂ ရောင် ထွက်လာမယ်လို့ အတည်ပြုထားပါတယ်။ နောက် အရောင် ၁ ခုက အပြာ ဖြစ်ပါတယ်။

K50 Gaming Edition ကို ကြေညာဖို့ ရက်ပိုင်းပဲလိုတော့ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ Redmi က Teaser တွေကို ဆက်လက်မျှဝေလာနိုင်ပါတယ်။

Ref : gsmarena