Xiaomi ဟာ K50 Series ရဲ့ ပထမဆုံး စမတ်ဖုန်း အနေနဲ့ Redmi K50 Gaming Edition ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပြီး K50 နဲ့ K50 Pro တို့ကို ချပြဖို့ကျန်နေပါသေးတယ်။ အခုတော့ OnLeaks နဲ့ Zoutons တို့က Redmi K50 Pro ရဲ့ CAD ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး ဖုန်းရဲ့ ဒီဇိုင်း အသေးစိတ်ကို လေ့လာလို့ရလာပါတယ်။

Redmi K50 Pro renders emerge alongside more specs

K50 Pro ဒီဇိုင်းဟာ K50 Gaming နဲ့ ကွဲပြားနေပြီး အနောက်ဘက်မှာ 64MP Main အပါအဝင် ကင်မရာ ၃ လုံး တပ်ဆင်ထားတဲ့ ကင်မရာ Island က ပိုကြီးမားပါတယ်။ ကျန်တဲ့ ကင်မရာ ၂ လုံးရဲ့ သတင်းအချက်အလက် အသေးစိတ်ကို မသိရသေးပေမယ့် Ultrawide ကင်မရာ ၁ လုံးပါလာနိုင်ပါတယ်။

Redmi K50 Pro renders emerge alongside more specs

အရှေ့ဘက်မှာ ၆.၆ လက်မ မျက်နှာပြင်ပြား တပ်ဆင်ထားပြီး Punch Hole ၁ လုံးကို မျက်နှာပြင် အထက် အလယ်မှာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အမျိုးအစားနဲ့ Refresh Rate ကို မသိရသေးပေမယ့် 120Hz OLED ဖြစ်နိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံက 163.2 x 76.2 x 8.7mm ဖြစ်ပြီး Qualcomm Snapdragon 8 Gen 1 Chipset မောင်းနှင်ထားမယ်လို့ ထင်ရပါတယ်။ အခြေခံ မော်ဒယ်မှာ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Redmi K50 Pro renders emerge alongside more specs

ပေါက်ကြားသတင်းအရ K50 Pro မှာ 4,700mAh ဘက်ထရီနဲ့ 120W Fast Charging ထည့်သွင်းထားမှာ ဖြစ်ပြီး Android 12 အခြေပြု Xiaomi MIUI 13 အုပ်ထားမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်လယ်မှာ ကြေညာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena