Redmi ဟာ တရုတ်မှာ K50 Series စမတ်ဖုန်းတွေကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီ Series ထဲမှာ စွမ်းရည်သင့် က‌နေ စွမ်းရည်မြင့် မော်ဒယ်တွေ ပါဝင်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းတွေ ပေါက်ကြားလာပါတယ်။

Redmi K50 Pro tipped to feature a Snapdragon 898 as camera specs are  revealed in new leak - NotebookCheck.net News

Redmi K50 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁,၉၉၉ ယွမ်ကစပြီး Pro မော်ဒယ်ဟာ ၂,၆၉၉ ယွမ်က စပါတယ်။ K50 Pro+ က ၃,၂၉၉ ယွမ်က စပြီး စွမ်းရည်အမြင့်ဆုံး K50 Gaming Edition ကို ၃,၄၉၉ ယွမ် သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ မြန်မာငွေ ၅၆၀,၀၀၀ ၊ ၇၆၀,၀၀၀ ၊ ၉၂၀၀၀၀ နဲ့ ၉၈၀,၀၀၀ လောက် အသီးသီးကျသင့်မှာပါ။

Alleged Redmi K50 series recevies TENAA certification - Gizmochina

အဲဒီ ၄ လုံးထဲက ၂ လုံးမှာ Qualcomm Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး K50 မှာ Qualcomm Snapdragon 870 Chipset နဲ့ Gaming Edition မှာ Snapdragon 8 Gen 1 SoC ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ K50 Pro မှာတော့ MediaTek Dimensity 8000 Chipset နဲ့ Pro+ မှာ Dimensity 9000 SoC ပါလာမှာပါ။ K50 နဲ့ K50 Pro မှာ 66W နဲ့ 67W Charging Support ထည့်သွင်းထားမှာ ဖြစ်ပြီး Pro+ နဲ့ Gaming Edition တွေမှာ 120W Charging ပါလာမှာပါ။

၄ လုံးထဲက ၃ လုံးကို TENAA က ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် တရုတ်မှာ မကြာခင် ကြေညာတော့မှာပါ။ ၁ လုံးဟာ BIS Database မှာ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် တရုတ်မှာ ကြေညာပြီး သိပ်မကြာခင် အိန္ဒိယမှာ ကြေညာနိုင်ပါတယ်။

Redmi က K50 Series  ကြေညာမယ့် အချိန်ကို မပြောသေးပေမယ့် ဒီလနှောင်းပိုင်းလောက် ဖြစ်မယ်လို့ထင်ရပါတယ်။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကြေညာမယ့် နေ့ကို တရားဝင် အတည်ပြုလာနိုင်ပါတယ်။

Ref : gizmochina