Redmi K50 Series ကို မတ်လ ၁၇ ရက်နေ့မှာ ကြေညာမယ်လို့ တရားဝင် အတည်ပြုထားပြီးပြီ ဖြစ်ပြီး ကုမ္ပဏီက အဲဒီ Series တွေရဲ့ Teaser တွေကိုလည်း ထုတ်ဖော်ကြေညာနေပါတယ်။ အခုတော့ Redmi က K50 Series ဟာ Bluetooth 5.3 ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်မယ်လို့ အသိပေးလိုက်ပါတယ်။

redmi k50 series bluetooth 5.3 featured

Redmi K50 Series မှာ ပါတဲ့ Blutooth 5.3 ဟာ Latency နည်းပါးပြီး ဂိမ်းကစားရင် စွမ်းဆောင်ရည်မြင့်မားမှာ ဖြစ်သလို စွမ်းအင် စားသုံးမှု နည်းပါးမယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အင်တာနက်လိုင်း ပြတ်တောက်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Xiaomi Redmi K50 Gaming brings SD 8 Gen 1 and 120W charging - GSMArena.com  news

Redmi K50 Series ဟာ စွမ်းဆောင်ရည်မြင့် MediaTek Dimensity 8100 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာမယ်လို့ အတည်ပြုထားပြီးပါပြီ။

Redmi K50 Series အတွက် Redmi K50 , Redmi K50 Pro , Redmi K50 Pro+ နဲ့ Redmi K50 Gaming Edition တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး Snapdragon 870 , Dimensity 8100, Dimensity 9000 နဲ့ Snapdragon 8 Gen 1 Processor တွေ အသီးသီး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Benchmark တွေအရ အားလုံးထဲမှာ Dimensity 9000 Chipset ဟာ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်နိုင်ပါတယ်။

Ref : gizmochina