Redmi K50 မိသားစုဟာ နောက်ထပ်မိသားစုဝင်အသစ်ဖြစ်တဲ့ Redmi K50 Ultra ကို ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းအသစ်မှာ Snapdragon 8+ Gen 1 chipset ပါရှိမှာဖြစ်တယ်လို့ ကုမ္ပဏီရဲ့မွေးရပ်မြေက ယုံကြည်စိတ်ချရတဲ့ ပေါက်ကြားသတင်းတွေရဲ့ပိုင်ရှင် Digital Chat Station က ဆိုပါတယ်။

K50 Ultra မှာ 100W+ အမြန်အားသွင်းစနစ်လည်း ပါဝင်ပါမယ်။ K50 Pro ရဲ့ Specs အများစုအတိုင်းပဲ ထွက်လာမှာဖြစ်ပေမဲ့ K50 Pro နဲ့ K50 Gaming တို့ထက် Resolution လျှော့ချထားတဲ့ 50MP အဓိကင်မရာပဲ ပါဝင်မယ်လို့ သိရပါတယ်။ ဒါပေမဲ့ K50 Ultra မှာတော့ ပိုပြီးကြီးမားတဲ့ Sensor ကို တွေ့မြင်လာရဖွယ် ရှိပါတယ်။

Redmi K50 Ultra ဟာ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ Xiaomi flagships တွေထဲက တစ်ခုအဖြစ် ထွက်လာမှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ 120Hz refresh rate နဲ့ Full HD+ resolution အပြင် မျက်လုံးကို သက်သောင့်သက်သာဖြစ်စေမဲ့ DC dimming OLED panel လည်း ပါဝင်မယ်လို့ သိရပါတယ်။

မျက်နှာပြင်အပေါ်ဘက်မှာတော့ Punch-hole တစ်ခုရှိနေပြီး Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ ကိုင်တွယ်ရလွယ်ကူစေဖို့အတွက် Curves အနည်းငယ်နဲ့ Flat မျက်နှာပြင်ကို တပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ ဘက်ထရီက 4,800mAh နဲ့ 5,000mAh ကြားအားသွင်းနိုင်တယ်လို့ဆိုပြီး Xiaomi ရဲ့ ကိုယ်ပိုင် 120W အမြန်အားသွင်းစနစ်နဲ့လာမယ်လို့ သိရပါတယ်။

Ref: GSM Arena