Redmi က တရုတ်မှာ K50G သို့မဟုတ် K50 Gaming Edition ကို ကြေညာလိုက်ပါတယ်။ Snapdragon 8 Gen 1 SoC မောင်းနှင်ထားပြီး ဂိမ်း ကစားရင် စွမ်းဆောင်ရည် အရမ်း ကောင်းတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။

Redmi K50 Gaming Edition

ဒီဇိုင်း

ပြိုင်ကားကို အခြေပြုထားတဲ့ ဒီဇိုင်းကို အသုံးပြုထားပြီး X ပုံသဏ္ဍာန် Theme ကို အနောက်ဘက် ကာဗာ၊ ကင်မရာနဲ့ စပီကာတွေမှာ ထည့်သွင်းထားပါတယ်။ ကင်မရာ ဖရိမ်က LED Strip ဟာ Notificaton Light အနေနဲ့ပြသပေးပါတယ်။

Redmi K50 Gaming Edition

ညာဘက်ခြမ်းမှာ Shoulder Trigger ၂ ခု တပ်ဆင်ထားပြီး သာမာန် စမတ်ဖုန်းတွေမှာထက် ပါဝါခလုတ်ကို အောက်ချထားပါတယ်။ ဘယ်ဘက်ခြမ်းမှာ အသံခလုတ်တွေ ထည့်သွင်းထားပြီး သာမာန်ထက် အောက်ကျနေပါတယ်။ သတ္တု ဖရိမ် တပ်ဆင်ထားပြီး အနောက်ဘက်ကို AG Glass နဲ့ ဖုံးအုပ်ထားပါတယ်။

Redmi K50 Gaming Edition

မျက်နှာပြင်

K50G မှာ ၆.၆၇ လက်မ OLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ဟာ DCI-P3 Color Gamut , HDR10+ နဲ့ MEMC တို့ကို ထောက်ပံ့ပြီး Display Mate A+ ရထားသလို မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။

ကင်မရာ

K50G ရဲ့ အနောက်ဘက်မှာ 64MP Main ကင်မရာ ထည့်သွင်းထားပြီး 9248 x 6944p Resolution ထောက်ပံ့ပါတယ်။ ဒါ့အပြင် 8MP 120 Degree Ultrawide , 2MP Telemacro ကင်မရာ ၂ လုံးနဲ့ အားဖြည့်ထားပါတယ်။ မီးလုံး၊ မီးချောင်းတွေက အလင်းရောင်ကို အာရုံခံနိုင်ပြီး Shutter Speed နဲ့ ISO ကို အလိုလို ချိန်ညှိပေးတဲ့ Flicker Sensor ကိုလည်း ကင်မရာ Module မှာ ထည့်သွင်းထားပါတယ်။

အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး အမိုက်စား ဆဲလ်ဖီးတွေ ရိုက်ကူးပေးနိုင်တဲ့ Xiaomi ရဲ့ AI Beautification လုပ်ဆောင်ချက်တွေ ပါပါတယ်။

စွမ်းဆောင်ရည်

K50G မှာ 4nm Process အခြေပြု Snapdragon 8 Gen 1 တပ်ဆင်ထားပြီး Snapdragon 888 ထက် CPU စွမ်းရည် ပိုကောင်းသလို GPU စွမ်းရည် ၅၂ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ 12GB LPDDR5 RAM နဲ့ 258GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။

စွမ်းရည်မြင့် SoC နဲ့ RAM ပမာဏများတဲ့အတွက် အပူချိန်က လွန်ကဲမှာပါ။ အဲဒီအတွက် K50G မှာ ဒုတိယမျိုးဆက် Stainless Steel Vapor Chamber ၂ ခု တပ်ဆင်ထားပြီး ဖုန်းဧရိယာ တော်တော်များများကို လွှမ်းခြုံထားပါတယ်။ Vapor Chamber တွေက SoC, ဘက်ထရီနဲ့ IC က အပူကို စုပ်ယူကာ အရင်မျိုးဆက်ထက် စွမ်းရည် ၂၀ ရာခိုင်နှုန်း ပိုကောင်းတဲ့ ဒုတိယမျိုးဆက် White Graphene Heat Spreaders ဆီ ပို့ဆောင်ပေးပါတယ်။

K50G မှာ 4,700mAh ဘက်ထရီနဲ့ 120W Wired Charging ပါလာပြီး ကုမ္ပဏီက ၁၇ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

လက်ရှိ Android ဖုန်းတွေထဲမှာ အကြီးမားဆုံး X-axis Vibration Motor ဖြစ်တဲ့ ကမ္ဘာ့ ပထမဆုံး CyberEngine Ultra-wideband X-axis Motor ထည့်သွင်းထားတဲ့အတွက် ဂိမ်းကစားတဲ့ အတွေ့အကြုံ အရမ်းကောင်းမှာပါ။ အသံစနစ်ကလည်း အထင်ကြီးစရာကောင်းပြီး ဘေးနှစ်ဖက်မှာ ပင်မ စပီကာ ၁ လုံးစီနဲ့ Tweeter ၁ လုံးစီ ထည့်သွင်းထားပါတယ်။

WiFi Antennas ၃ ခု တပ်ဆင်ထားပြီး သာမာန် WiFi Antennas ၂ ခုထက် Latency ကို ၃၀ ရာခိုင်နှုန်းလျှော့ချပေးပါတယ်။ WiFi 6E ထောက်ပံ့ထားပြီး အင်တာနက်လိုင်း မြန်ဆန် တည်ငြိမ်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး NFC ထောက်ပံ့ပါတယ်။

Redmi K50G အတွက် Blue, Silver နဲ့ Black အရောင်တွေ ထုတ်လုပ်ထားတဲ့အပြင် အထူးထုတ် Mercedes-AMG Petronas-themed Formula One Edition ကို ရွေးချယ်နိုင်ပါတယ်။

8/128GB, 12/128GB နဲ့ 12/256GB Version တွေထုတ်လုပ်ထားပြီး ၃,၂၉၉ ယွမ်၊ ၃,၅၉၉ ယွမ်နဲ့ ၃,၈၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။ ၉၂၀,၀၀၀ ၊ ၁,၀၀၀,၀၀၀ နဲ့ ၁,၀၉၀,၀၀၀ ကျပ် အသီးသီး ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ ဒီလ ၁၈ ရက်နေ့ ရောင်းမှာပါ။

Redmi K50 Gaming Mercedes-AMG Petronas Formula One Team Edition

K50G Mercedes-AMG Petronas Formula One Team Edition ကို ၄,၁၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၁,၁၇၀,၀၀၀ ကျသင့်မှာပါ။ အဲဒီ မော်ဒယ်မှာ 12/256GB ထည့်သွင်းထားပြီး အလုံးရေ ၁၀,၀၀၀ ပဲ ရောင်းမှာပါ။

Ref : gizmochina