Xiaomi က Redmi K50i 5G နဲ့ Redmi Buds 3 Lite ကြိုးမဲ့ နားကြပ်ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ MediaTek Dimensity 8100 ၊ ၆.၆ လက်မ LCD 144Hz မျက်နှာပြင်နဲ့ 67W Fast Charging ပါတဲ့ 5,080mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Redmi K50i 5G

K50i 5G ဟာ Dolby Vision ပါတဲ့ ပထမဆုံး Redmi စမတ်ဖုန်း ဖြစ်ပြီး မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင် အထက် အလယ်က Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Dolby Atmos ပါတဲ့ စပီကာ ၂ လုံးနဲ့ နားကြပ်ပေါက် ပါလာပါတယ်။

Redmi K50i 5G goes official with Dimensity 8100 and 144Hz LCD

အနောက်ဘက်မှာ 64MP ISOCELL GW 1 Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပါတယ်။ WiFi 6 နဲ့ Bluetooth 5.3 ဆက်သွယ်မှုတွေ ထောက်ပံ့ထားပါတယ်။

Redmi K50i 5G goes official with Dimensity 8100 and 144Hz LCD

Redmi K50i 5G အတွက် အနက်၊ အပြာနဲ့ ငွေရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၃၂၅ ဒေါ်လာ၊ 8/128GB ကို ၃၆၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၂၃ ရက်နေ့ စတင် ရောင်းချမှာပါ။

Redmi K50i 5G goes official with Dimensity 8100 and 144Hz LCD

Redmi Buds 3 Lite မှာ 6mm Dynamic Drivers ၊ Bluetooth 5.2 ပါလာပြီး ၁၈ နာရီကြာ သီချင်း နားထောင်နိုင်ပါတယ်။ IP54 ရေစိုခံစံနှုန်းပါတဲ့အတွက် ရေစက်ရေပေါက်တွေကို ခံနိုင်ပြီး ၂၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၃၁ ရက်နေ့ရောင်းမှာပါ။

Ref : gsmarena