Redmi က စွမ်းရည်မြင့် Redmi K60 နဲ့ K60 Pro ကို တရုတ်မှာ ကြေညာလိုက်ပြီး အဲဒီ ဖုန်းတွေရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာနိုင်ပါတယ်။

Redmi K60 Pro

Redmi K60 Pro က စွမ်းရည်ပိုမြင့်မားပြီး ၆.၆၇ လက်မ 2K 120Hz မျက်နှာပြင် တပ်ဆင်ထားပါတယ်။ အမြင့်ဆုံး Brightness က 1400nits ရှိပြီး ၆၈.၇ ဘီလီယမ် အရောင်တွေ ထုတ်လုပ်ပေးနိုင်ကာ P3 Color Gamut ကို ထောက်ပံ့ပါတယ်။ Snapdragon 8 Gen 2 SoC မောင်းနှင်ထားပြီး LPDDR5 RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားပါတယ်။ 5000mm2 Super Large VC အပူ လျှော့ချတဲ့ စနစ် ပါလာပါတယ်။

Redmi K60 pro

အနောက်ဘက်မှာ 50MP Sony IMX800 Main (OIS, EIS), 8MP Ultrawide , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 120W Fast Charging နဲ့ 30W Wireless Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Redmi K60

Redmi K60 မှာ Pro နဲ့ တူညီတဲ့ စွမ်းရည်မြင့် မျက်နှာပြင် တပ်ဆင်ထားပြီး ၆.၆၇ လက်မ အရွယ်အစား ဖြစ်ပါတယ်။ အမြင့်ဆုံး Brightness က 1400nits ရှိပြီး ၆၈.၇ ဘီလီယမ် အရောင်တွေ ထုတ်လုပ်ပေးနိုင်ကာ P3 Color Gamut ကို ထောက်ပံ့ပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Redmi K60

အဟောင်း ဖြစ်ပေမယ့် စွမ်းရည်မြင့်တဲ့ Snapdragon 8+ Gen 1 SoC မောင်းနှင်ထားပြီး LPDDR5 RAM နဲ့ UFS 3.1 Storage ပါပါတယ်။ 67W Wired Fast Charging နဲ့ 30W Wireless Charging ထောက်ပံ့တဲ့ 5,500mAh ဘက်ထရီ ပါပါတယ်။

အနောက်ဘက်မှာ 60MP Main (OIS), 8MP Ultrawide ,2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။

ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်း

Redmi K60 နဲ့ K60 Pro ကို တရုတ်မှာ ဒီလ ၃၁ ရက်နေ့ ရောင်းချပေးမှာ ဖြစ်ပြီး Redmi K Series ဖုန်းတွေကို နိုင်ငံတကာမှာ Xiaomi နဲ့ POCO ဖုန်းတွေ အဖြစ် ရောင်းချလေ့ရှိပါတယ်။

K60 အတွက် Black, White, Cyan,  Blue နဲ့ K60 Pro အတွက် Black, Cyan,  White  အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Redmi K60

  • 8GB + 128GB: 2499 Yuan ($358)
  • 8GB + 256GB: 2699 Yuan ($387)
  • 12GB + 256GB: 2999 Yuan ($430)
  • 12GB + 512GB: 3299 Yuan ($473)
  • 16GB + 512GB: 3599 Yuan ($516)

Redmi K60 Pro

  • 8GB + 128GB: 3299 yuan ($473)
  • 8GB + 256GB: 3599 yuan ($516)
  • 12GB + 256GB: 3899 yuan ($559)
  • 12GB + 512GB: 4299 yuan ($616)
  • 16GB + 512GB: 4599 yuan ($660)

Ref : gizmochina