Xiaomi ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက Redmi K60 Series ကို ကြေညာခဲ့ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့ ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၃၆၂ ဒေါ်လာနဲ့ ရောင်းချပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Redmi K60 Series ရဲ့ ပထမ အသုတ် ရောင်းချရာမှာ ၅ မိနစ်အတွင်း အလုံးရေ ၃၀၀,၀၀၀ ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

Redmi K60 series

Redmi ရဲ့ အထွေထွေ မန်နေဂျာ Liu Weibing က Redmi K60 Series ရဲ့ ပြိုင်ဖက် ၂၀၂၃ ခုနှစ်မှာ မရှိဘူးလို့ ပြောပါတယ်။ Redmi K60 Series ဟာ တရုတ်မှာ လူကြိုက်များနေတာ သေချာပြီး စွမ်းရည်မြင့် Specs တွေကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးထားပါတယ်။

Redmi K60

Redmi ဟာ ၂၀၂၂ ခုနှစ်ထဲမှာ စွမ်းရည်မြင့် နည်းပညာတွေကို စမတ်ဖုန်းတွေမှာ ထည့်သွင်းလာပါတယ်။ 2K မျက်နှာပြင် နဲ့အတူ Wireless Charging ကို အသုံးပြုလာပါတယ်။ Redmi K60 Series မှာ 30W Wireless Charging ထည့်သွင်းပေးထားပြီး အရင်ကတော့ စွမ်းရည်မြင့် ဖုန်းတွေမှာပဲ ထည့်သွင်းပေးထားတာပါ။

Redmi K60 Series ရဲ့ 2K မျက်နှာပြင်ဟာ အရင်မျိုးဆက်တွေထက် အများကြီး ပိုကောင်းလာတာပါ။ မျက်နှာပြင်ကို Redmi နဲ့ TCL Huaxing Optoelectronics တို့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပြီး မျက်လုံးထိခိုက်မှုကို ကာကွယ်ပေးတဲ့ နည်းပညာ ပါပါတယ်။ Redmi K60 ကို ၃၆၂ ဒေါ်လာနဲ့ Redmi K60 Pro ကို ၄၇၈ ဒေါ်လာနဲ့ ရောင်းချပေးထားပါတယ်။

Ref : gizchina