Snapdragon 8 Gen 2 Chipset ပါတဲ့ စမတ်ဖုန်းတွေ စတင် ထွက်ပေါ်လာနေပြီ ဖြစ်ပြီး ကုမ္ပဏီတိုင်းဟာ အဲဒီ Chipset ပါတဲ့ စွမ်းရည်မြင့် ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။ အဲဒီ Chipset သုံးထားမယ့် နောက်ထပ် ကုမ္ပဏီ ၁ ခုက Redmi ဖြစ်ပြီး ကုမ္ပဏီဟာ စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းကို မျှတအောင် အမြဲအာရုံစိုက်လေ့ ရှိပါတယ်။

Redmi K60

Digital Chat Station က Redmi K60 မှာ Wireless Flash Charging ၊ 2K မျက်နှာပြင်နဲ့ 16+512GB Memory တွေပါလာမှာ ဖြစ်ပြီး ဈေးနှုန်းက အရင်မျိုးဆက်နဲ့ တူညီမယ်လို့ ပြောပါတယ်။ Xiaomi China ရဲ့ ဥက္ကဌနဲ့ Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing က Redmi K60 မှာ 2K မျက်နှာပြင်ပါလာမယ်လို့ အတည်ပြုထားပြီးပါပြီ။

Xiaomi gears up to release Redmi K60 series! - xiaomiui

အရင်က ပေါက်ကြားသတင်းအရ Redmi K60 Series မှာ မတူညီတဲ့ Specs တွေပါတဲ့ မော်ဒယ်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး Dimensity 8200 , Snapdragon 8+ Gen 1 , Snapdragon 8 Gen 2 တို့ကို ထည့်သွင်းထားမှာပါ။ Punch Hole 2K Flat မျက်နှာပြင်နဲ့ 50MP ပင်မ ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး 67W Wired+30W Wireless နဲ့ 120W Fast Charge + 30W Wireless တွေထောက်ပံ့ထားမှာပါ။ Wireless Charging ပါတဲ့ Redmi ရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာမှာပါ။

Redmi K60 Series ကို နောက်နှစ် ဇန်နဝါရီလမှာ ကြေညာနိုင်ပြီး လက်ရှိမှာ အစိုးရအာဏာပိုင် အဖွဲ့အစည်းတွေမှာ မှတ်ပုံတင်ထားပါတယ်။ Redmi K60 Series ဟာ ၂၀၂၃ ခုနှစ်ရဲ့ Flagship Killler ဖြစ်လာမှာပါ။

Ref : gizchina