Redmi K60 Series မှာ Redmi K60, K60 Pro နဲ့ K60E တို့ ပါလာမယ်လို့ မကြာခင်က သတင်းထွက်ခဲ့ပြီး K60 နဲ့ K60 Pro မှာ Snapdragon 8 Gen 2 နဲ့ Snapdragon 8 Plus Gen 1 Chip တွေ အသီးသီး ထည့်သွင်းထားနိုင်ပါတယ်။ K60E မှာတော့ Dimensity 8200 တပ်ဆင်ထားမယ်လို့ ခန့်မှန်းထားကြပါတယ်။ အခုတော့ Geekbench က စာရင်းအရ K60E မှာ Snapdragon SoC ကို သုံးထားမှာပါ။

မော်ဒယ်နံပါတ် 22127RK46C ပါတဲ့ Xiaomi ရဲ့ ဖုန်းကို တရုတ်မှာ Redmi K60E အမည်နဲ့ ကြေညာနိုင်ပါတယ်။ အဲဒီ ဖုန်းမှာ Qualcomm ရဲ့ Octa-core Chipset ထည့်သွင်းထားပြီး CPU နဲ့ GPU သတင်းအချက်အလက်တွေအရ Snapdragon 870 ဖြစ်ပါတယ်။

Xiaomi Redmi K60E Price, Specifications, Image- 2022

Geekbench က စာရင်းအရ အဲဒီဖုန်းမှာ 12GB RAM နဲ့ Android 13 OS ထည့်သွင်းထားပြီး Single-core စမ်းသပ်ချက်မှာ ၉၆၁ မှတ်နဲ့ Multi-core စမ်းသပ်ချက်မှာ ၃၁၂၃ မှတ်ရထားပါတယ်။ မကြာခင်က အဲဒီဖုန်းကို 3C မှာ တွေ့ခဲ့ရပြီး 120W Fast Charging ထည့်ထားပါတယ်။

ပေါက်ကြားသတင်းတွေအရ Redmi K60 မှာ Snapdragon 8 Gen 2 ၊ Android 13 အခြေပြု MIUI 14 နဲ့ 67W Fast Charging ပါလာနိုင်ပါတယ်။

Redmi K60 Pro မှာ 2K AMOLED မျက်နှာပြင်၊ 120Hz Refresh Rate ၊ Snapdragon 8 Plus Gen 1 Chip ၊ Android 13 အခြေပြု MIUI 14 နဲ့ 67W Charging ထည့်သွင်းထားနိုင်ပါတယ်။

Ref : gizmochina