လွန်ခဲ့တဲ့ တစ်လလောက်က မော်ဒယ်နံပါတ် M2010J19SC နဲ့ Xiaomi 4G ဟန်းဆက်တစ်ခုကို တရုတ်ရဲ့ MIIT database ထဲမှာ တွေ့ခဲ့ကြရပါတယ်။ အဲဒီအချိန်ကတည်းက အဲဒီဟန်းဆက်ဟာ Xiaomi ရဲ့ လာမယ့် Redmi Note စီးရီးထဲက တစ်ခုဖြစ်မယ်လို့ မှန်းဆခဲ့ကြပါတယ်။

အခုတော့ မော်ဒယ်နံပါတ် M2010J19SC နဲ့ Device ဟာ တရုတ် 3C မှာ အတည်ပြုချက်ရခဲ့တာကို ထပ်ပြီးတွေ့လိုက်ရပါတယ်။ 3C certification အရ ဒီ ဟန်းဆက်ဟာ မော်ဒယ်နံပါတ် MDY-11-EM နဲ့ Charger နဲ့အတူ ဈေးကွက်ထဲရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီ Charger ဟာ 22.5W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးမှာလည်း ဖြစ်ပါတယ်။

လာမယ့် Redmi Note စီးရီးတွေမှာ M2007J17C နဲ့ M2007J22C စတဲ့ မော်ဒယ်နံပါတ်နဲ့အတူ နောက်ထပ် Device နှစ်မျိုးလည်း ရှိနေပါသေးတယ်။ 3C certification တွေအရ ဒီ ဟန်းဆက်နှစ်မျိုးဟာ 33W နဲ့ 22.5W Charger တွေ အသီးသီးနဲ့ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီ M2010J19SC, M2007J17C နဲ့ M2007J22C တို့ကို မကြာခင်အချိန်အတွင်း TENAA မှာ အချက်အလက်အပြည့်အစုံနဲ့ တွေ့ရမယ်လို့ ယုံကြည်ရပါတယ်။

M2010J19SC ကတော့ International Edition အဖြစ် မော်ဒယ်နံပါတ် M2010J19CG နဲ့အတူ ပြီးခဲ့တဲ့တစ်ပါတ်ကပဲ Eurasian Economic Commission (EEC) ရဲ့ အတည်ပြုချက်ရခဲ့ပါတယ်။ Listing မှာတော့ အမှတ်တံဆိပ်ကို POCO လို့ ပြသထားပြီး၊ ဥရောပဈေးကွက်အတွက် ရည်ညွှန်းထားပါတယ်။ ဒါကြောင့် Redmi Note 10 4G ဟာ နိုင်ငံတကာဈေးကွက်အတွက် POCO အဖြစ်နာမည်ပြောင်းမယ်လို့ ဆိုနိုင်ပါတယ်။

Ref: Gizmochina