Xiaomi ဟာ လာမယ့်နိုဝင်ဘာလအတွင်းမှာ စမတ်ဖုန်းအသစ်တွေ ထပ်မံမိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။ Mi 10T Series ကို Redmi K30T Series အနေနဲ့ မိတ်ဆက်သွားမှာဖြစ်သလို Redmi Note 10 Series ဖုန်းတွေကိုလည်း မိတ်ဆက်လာဖို့များနေပါတယ်။

အခုလည်း နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Redmi Note 10 Series တွေနဲ့ ပတ်သက်တဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ ဒါကတော့ Redmi Note 10 Series မှာ အသုံးပြုလာမယ့် Display ၊ Processor နဲ့ Camera အကြောင်းပဲဖြစ်ပါတယ်။

Redmi Note 10 Series ဖုန်းတွေက Single Punch-hole LCD Display ကိုပဲ ဆက်လက်အသုံးပြုလာမှာဖြစ်ပြီး High Refresh Rate ကိုပါ Support ပြုလုပ်လာဖွယ်ရှိနေပါတယ်။ Redmi Note 10 ကတော့ MediaTek Dimensity 720 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး Camera အနေနဲ့ 48MP Primary Sensor ပါဝင်လာမယ်လို့ သိရပါတယ်။

ဒါပေမယ့် Redmi Note 10 Pro ဖုန်းမှာတော့ Qualcomm ရဲ့ Snapdragon 750G Chipset ကို အသုံးပြုလာမှာဖြစ်သလို Primary Camera ကိုလည်း 108MP Sensor ထည့်သွင်းလာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ပြီးခဲ့တဲ့ Redmi Note Series ဖုန်းတွေနဲ့ ယှဥ်ရင် သိသိသာသာကိုပိုပြီး ကောင်းမွန်လာဖွယ်ရှိနေပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Redmi Note 10 Series ဖုန်းတွေက ယခင်ထက်ပိုများလာမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ ယခင် Redmi Note Series ဖုန်းတွေလိုမျိုးပဲ 1,000 Yuan (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကနေ 1,500 Yuan (မြန်မာငွေ ၃ သိန်းဝန်းကျင်) ကြားမှာပဲ ရှိမယ်လို့ခန့်မှန်းရပါတယ်။

Ref – Giz China