Redmi Note 10 ဟာ ဒီစီးရီးအတွက် ပထမဆုံး 5G စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ TENAA မှာတွေ့မြင်ရတဲ့ အချက်အလက်အရ NSA နဲ့ SA နှစ်မျိုးစလုံး ထောက်ပံ့တာကို တွေ့ရပါတယ်။ (ပုံမှန် LTE နဲ့ ကွန်ရက်ဟောင်းတွေကိုလည်း ချိတ်ဆက်နိုင်မှာပါ။)

ဒီဟန်းဆက်ဟာ ဈေးနှုန်းသက်သာတဲ့ Redmi မှာ သုံးနေကျ LCD အစား OLED အမျိုးအစားကို အသုံးပြုသွားမှာဖြစ်ပြီး 1080 x 2400 resolution ရှိမယ်လို့ သိရပါတယ်။ Teardrop Notch နဲ့အတူ 16MP selfie ကင်မရာ တပ်ဆင်ပေးထားတယ်လို့လည်း သိရပါတယ်။ ကျောဘက်မှာတော့ 48MP အဓိကကင်မရာအပါအဝင် ကင်မရာသုံးလုံးပဲ တပ်ဆင်ပေးထားတာပါ။

ဘက်ထရီကတော့ 4,420mAh ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။ (Note 9 ရဲ့ 5,020mAh နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့်လည်း OLED Display ကို သုံးထားမှာဆိုတော့ ကိစ္စမရှိဘူးလို့ ပြောရမှာပါ။) 22.5W အားသွင်းစနစ်ကလည်း Note 9 Pro ရဲ့ 30W လောက်တော့ မြန်မှာမဟုတ်ပါဘူး။

Chipset နဲ့ပတ်သက်ပြီး TENAA မှာမတွေ့ရပေမယ့် ပေါက်ကြားသတင်းတွေအရ MediaTek Dimensity 820 ကို အသုံးပြုဖွယ်ရှိတယ်လို့ ဆိုရမှာပါ။ မန်မိုရီ 6GB of RAM နဲ့ 64GB storage အတွဲအဖက်လည်းရှိသလို 8GB of RAM နဲ့ 256GB storage အမျိုးအစားလည်း ရှိမယ်လို့ ဆိုပါတယ်။

Dimensity 820 ကို လာမယ့် မေလ ၁၈ ရက်နေ့မှာ ပွဲထုတ်မှာဖြစ်တဲ့အတွက် အကယ်၍ Redmi Note 10 မှာလည်း ဒီ Chipset ကိုပဲ သုံးထားမယ်ဆိုရင်တော့ သိပ်မကြာခင် နောက်ထပ်သတင်းတွေ ကြားသိရဦးမှာ ဖြစ်ပါတယ်။ Xiaomi အနေနဲ့လည်း Redmi Note 10 နဲ့ ပတ်သက်တဲ့ ဖုံးကွယ်ထားမှုတွေကို မကြာခင်မှာ ဖယ်ရှားပေးတော့မယ်လို့ ယူဆရပါတယ်။

Ref: GSM Arena