Xiaomi ရဲ့ Redmi ဟာ အိန္ဒိယမှာ Note 11T 5G ကို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကြေညာခဲ့ပြီး တရုတ်မှာတော့ Redmi Note 11 အနေနဲ့ ရောင်းချပေးခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက တရုတ်မှာ ဒီလထဲ Redmi Note 11T Pro ကို မိတ်ဆက်မယ်လို့ ကြေညာလိုက်ပြီး အိန္ဒိယမှာလည်း အဲဒီ ဖုန်းရဲ့ မော်ဒယ် ၁ မျိုးကို ချပြနိုင်ပါတယ်။

Redmi Note 11T Pro is coming this month

Redmi က Note 11T Pro ရဲ့ Specs တွေကို ဘာမှ မပြောသေးပေမယ့် ကုမ္ပဏီက အဲဒီ စမတ်ဖုန်းဟာ အဘက်ဘက်မှာ စွမ်းဆောင်ရည် မြင့်မားမယ်လို့ ပြောပါတယ်။

Redmi Note 11T Pro is coming this month - GSMArena.com news

ဒါ့အပြင် Redmi ရဲ့ GM Mr Lu Weibing က Note 11T Pro ဟာ တရုတ်မှာ MediaTek Dimensity 1100 SoC ထည့်ထားတဲ့  Redmi Note 10 Pro ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်းလို့ပြောပါတယ်။

လက်ရှိမှာ Redmi Note 11T Pro ရဲ့ သတင်းအချက်အလက်တွေကို သိပ်မသိရသေးပါဘူး။ Redmi က Note 11T Pro ရဲ့ သတင်းအချက်အလက်တွေကို မကြာခင်မှာ စတင် မျှဝေတော့မယ်လို့ ထင်ရပါတယ်။

Ref : gsmarena