Xiaomi ဟာ Redmi 11 Series ကို ကြေညာလို့ မပြီးသေးပါဘူး။ အခုလည်း Redmi Note 11T Series စမတ်ဖုန်းတွေရဲ့ Teaser တွေကို မျှဝေလိုက်ပြီး မေလ ၂၄ ရက်နေ့ တရုတ်မှာ ဒေသစံတော်ချိန် ည ၇ နာရီမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

Redmi ရဲ့ တရားဝင် ဝီဘိုအကောင့်ကနေ သတင်းအချက်အလက် တချို့ကို မျှဝေထားပြီး အနည်းဆုံး စမတ်ဖုန်း ၃ လုံးကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေက Redmi Note 11T Pro , 11T Pro+ နဲ့ ရိုးရိုး Redmi Note 11T တို့ ဖြစ်ကြပါတယ်။ Xiaomi ဟာ အိန္ဒိယမှာ Dimensity 810 Chipset ပါတဲ့ Redmi Note 11T 5G ကို ကြေညာထားပြီးသား ဖြစ်ပါတယ်။

အခု Teaser အသစ်တွေမှာ Redmi Note 11T Pro+ ရဲ့ ဒီဇိုင်းကို လေ့လာနိုင်ပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ Xiaomi က စွမ်းရည်မြင့် LCD မျက်နှာပြင်ပြား တပ်ဆင်ထားပြီး Note 11T Pro+ မှာ Dimensity 8100 Chipset ထည့်သွင်းထားမယ်လို့ သတင်းပေးထားပါတယ်။

Note 11T နဲ့ 11T Pro မှာ ဘယ် Chipset ထည့်သွင်းထားမလဲဆိုတာ မသိရသေးပါဘူး။ မိတ်ဆက်ပွဲ မတိုင်ခင် လာမယ့် ရက်ပိုင်းအတွင်း Xiaomi က အဲဒီ စမတ်ဖုန်းတွေရဲ့ Teaser တွေကို ထပ်မံ မျှဝေလာနိုင်ပါတယ်။

Ref : gsmarena