Xiaomi က ဥရောပမှာ Redmi Note 12 Series ကို ကြေညာလိုက်ပြီး Note 12 Pro+, Note 12 Pro နဲ့ Note 12 အပြင် Note 12 4G အသစ် ပါလာပါတယ်။

Redmi Note 12 4G key specs

Redmi Note 12 4G Version နဲ့ 5G Version မှာ ကွာခြားချက် တချို့ ပါလာပါတယ်။ ဒီဇိုင်းအကြောင်းစပြောရရင် 4G မှာ အနောက်ဘက်ဟာ ပြားချပ်ပြီး 5G မှာ ကွေးညွှတ်ပါတယ်။ 4G မော်ဒယ်မှာ တူညီတဲ့ 6.67” AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ Chipset က ကွဲပြားပြီး Note 12 4G မှာ Snapdragon 685 SoC အသစ်နဲ့ 4/6/8GB RAM နဲ့ 64/128GB Storage ပါလာပါတယ်။

Redmi Note 12 4G Appears on Multiple Certification Websites, Could Launch  Soon - Gizmochina

4G Version မှာ 50MP Main ကင်မရာ တပ်ဆင်ထားပြီး 5G Version ရဲ့ 48MP ကင်မရာထက် ပိုကောင်းတဲ့ ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ ကျန်တဲ့ 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေက တူညီကြပါတယ်။ Redmi Note 12 4G မှာ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး 5G Version မှာလို တူညီတဲ့ 5,000mAh Battery နဲ့ 33W Fast Charging ထည့်သွင်းထားပါတယ်။

Redmi Note 12 4G အတွက် Onyx Gray , Mint Green, Ice Blue အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဖြစ်တဲ့ 4/64GB ကို ၁၉၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena