Redmi Note 12 Turbo ကို မတ်လ ၂၈ ရက်နေ့ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Teaser ဓါတ်ပုံ အွန်လိုင်းမှာ ပေါက်ကြားလာကာ Specs တွေကို ပိုမို သိလာရပါပြီ။

Teaser imagesTeaser images

Redmi Note 12 Turbo ရဲ့ မျက်နှာပြင်ဟာ 12-bit ဖြစ်ပြီး HDR10+ , 120Hz Refresh Rate , 1920Hz PWM Dimming နဲ့ SGS Low Blue Light Certification ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ အရင်ပေါက်ကြားသတင်းတွေအရ 6.67 Inch FHD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဘေးဘောင်တွေဟာ ပါးလွှာမှာပါ။ အထက်က ဘောင်ဟာ ၁.၉၅ မီလီမီတာနဲ့ ဘေးဘက်က ဘောင်တွေဟာ ၁.၄၂ မီလီမီတာ ရှိမှာပါ။ အောက်က ဘောင်ဟာ ၂.၂၂ မီလီမီတာ ရှိပြီး Screen-to-body Ratio က ၉၃.၄၅ ရာခိုင်နှုန်း ရှိမှာပါ။ ဖုန်း ၁ ခုလုံးရဲ့ အထူက ၇.၉ မီလီမီတာ ရှိပြီး အလေးချိန်က ၁၈၁ ဂရမ် ရှိမှာပါ။

Redmi Note 12 Turbo မှာ Dolby ATMOS နဲ့ Hi-Res Audio Support ထောက်ပံ့တဲ့ စတီရီယို စပီကာ တပ်ဆင်ထားမှာ ဖြစ်ပြီး နားကြပ်ပေါက် ပါလာမှာပါ။ IR Blaster ထည့်သွင်းထားမှာ ဖြစ်ပြီး ကုမ္ပဏီက Qualcomm Snapdragon 7+ Gen 2 Chipset မောင်းနှင်ထားမယ်လို့ အတည်ပြုထားပါတယ်။

16GB LPDDR5 RAM နဲ့ 1TB UFS 3.1 Storage ပါလာမှာ ဖြစ်ပြီး Chip ကို  3725mm2 Vapor Chamber Cooler နဲ့ အအေးပေးထားမှာ ဖြစ်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး 67W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာမှာပါ။ OIS ထောက်ပံ့တဲ့ 64MP Main , 8MP Ultrawide , 2MP Macro ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားမှာပါ။

ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန် သတင်းကို မသိရသေးပါဘူး။ Redmi Note 12 Turbo ကို ဧပြီလ ၅ ရက်နေ့ အိန္ဒိယမှာ POCO F5 Branding အနေနဲ့ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena