Xiaomi ရဲ့ Redmi Note 12 Series ဖုန်းတွေဟာ အခုဆို တဖြည်းဖြည်းနဲ့ မော်ဒယ်တွေအလွန်များပြားနေပြီဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ တရုတ်နိုင်ငံတွင်းမှာ နောက်ထပ် Redmi Note 12 ဖုန်းသစ်တစ်လုံးကို မိတ်ဆက်ခဲ့ပါတယ်။

အခုမိတ်ဆက်လိုက်တ့ Redmi Note 12 Series ဖုန်းရဲ့ နာမည်ကို Redmi Note 12R Pro လို့ ပေးထားပြီး အရှေ့ပိုင်းမှာ ထွက်ရှိထားတဲ့ Redmi Note 12 5G ဖုန်းနဲ့ Specs အတော်များများဆင်တူတာကိုတွေ့ရပါတယ်။​

Redmi Note 12R Pro ဖုန်းဟာ 6.67″ Full HD+ OLED Display ကို အသုံးပြုထားပြီး 120Hz Refresh Rate ကို ထောက်ပံ့ထားမှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Qualcomm Snapdragon 4 Gen 1 Chipset ကို အသုံးပြုထားပြီး 12GB LPDDR4x RAM ၊​ 256GB UFS 2.2 Storage တွေပါဝင်မယ်လို့ သိရပါတယ်။

Camera ပိုင်းမှာ 48MP Main Sensor နဲ့ 2MP Macro Sensor ပါဝင်တဲ့ Dual Camera Setup ကိုပဲ အသုံးပြုထားပြီး Selfie Camera အနေနဲ့ 16MP Sensor ကို Punch-hole Design နဲ့ ထည့်သွင်းပေးထားပါတယ်။ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 33W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာပါ။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Side-mounted Fingerprint Sensor ၊​ IP53 Dust & Water Resistant Rating ၊​ IR Blaster ၊ 3.5mm Audio Jack ​၊ Bluetooth 5.1 လိုမျိုး Feature တွေပါဝ်မှာဖြစ်ပါတယ်။ Black ​၊​ White နဲ့ Gold ဆိုပြီး အရောင် ၃ မျိုး မိတ်ဆက်ထားပြီး စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁,၉၉၉ ယွမ် နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China