Xiaomi က Redmi Note 12 Series ဖြစ်တဲ့ Redmi Note 12 Pro+, Redmi Note 12 Pro , Redmi Note 12 နဲ့ Redmi Note 12 4G ကို ကြေညာထားပြီးပါပြီ။ ကုမ္ပဏီက Redmi Note 12 Turbo ကိုလည်း ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အခုတော့ Redmi Note 12 Series ရဲ့ နောက်ထပ် မော်ဒယ်အသစ် ၂ လုံး ထွက်လာမယ်လို့ သတင်းထွက်လာပါတယ်။

Redmi Note 12S and Note 12 Pro 4G renders

Redmi Note 12S မှာ 6.43 Inch FHD+ AMOLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာမှာပါ။ MediaTek Helio G96 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4G LTE Chip ဖြစ်ပါတယ်။ Note 12S မှာ 108MP Main , 8MP Ultrawide နဲ့ တတိယမြောက် ကင်မရာတွေ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

Xiaomi to launch Redmi Note 12S and Redmi Note 12 Pro 4G on the global  market: Features and high quality images of the smartphones | gagadget.com

Redmi Note 12 Pro 4G ဟာ Redmi Note 12 Pro ကို အဆင့်နှိမ့်ထားတဲ့ မော်ဒယ် ဖြစ်ပြီး တူညီတဲ့ 6.67 Inch FullHD+ 120Hz AMOLED မျက်နှာပြင်တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Snapdragon 732G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 108MP Main, 8MP Ultrawide နဲ့ တတိယမြောက် ကင်မရာ ပါလာမှာ ဖြစ်ပါတယ်။

Ref : gsmarena