Unicode

ပြီးခဲ့တဲ့ လပိုင်းတုန်းက Xiaomi ကနေ Android 10 နဲ့ MIUI 11 ကို Update ပြုလုပ်နိုင်မယ့် ဒါဇင်ဝန်းကျင်ခန့် စမတ်ဖုန်းတွေကို ဖော်ပြခဲ့ပြီး အဲ့ဒီထဲမှာ Redmi Note 7 Series ဖုန်းတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီ Redmi Note 7 Series ဖုန်းတွေဟာ Xiaomi အတွက် အအောင်မြင်ဆုံး စမတ်ဖုန်းတွေဖြစ်သလို အခုလည်း Android 10 Update က ထင်ထားတာထက်စောပြီး ရရှိတော့မယ့်ပုံစံပါပဲ။

Xiaomi ကနေ အခုအချိန်မှာ Redmi Note 7 အတွက် Android 10 Build ကို Close Beta အနေနဲ့ တရုတ်နိုင်ငံမှာ စတင်ဆောင်ရွက်နေပြီဖြစ်ပြီးတော့ ပုံမှန်အတိုင်းဆိုရင် နောက်လာမယ့် ၃ ပတ်ဝန်းကျင်လောက်မှာ Bugs တွေ နည်းပါးတဲ့ Public Beta ကို ထုတ်ပေးတော့မှာဖြစ်ပါတယ်။ Public Beta ရရှိလာတဲ့အချိန်ကြရင်တော့ နောက်ထပ် ရက်သတ္တပတ် ၈ ပတ်အတွင်းမှာ Stable Version ထွက်ရှိလာဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ကနေ ယခင်တုန်းက Redmi Note 7 နဲ့ 7 Pro ဖုန်းတွေအတွက် Android 10 Beta ကို လာမယ့် ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်မှ စတင်ဆောင်ရွက်မယ်လို့ ပြောကြားထားတဲ့အတွက် အခုကြည့်ရတာ ပြောထားတဲ့အချိန်ထက် ၁ လဝန်းကျင်လောက်ကို စောပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။

မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Redmi Note 8 Series ဖုန်းတွေတောင်မှ Android 9 ကိုအခြေခံထားတဲ့ MIUI 9 နဲ့ ထွက်ရှိထားတာဖြစ်တဲ့အတွက် ဒီ Redmi Note 7 ဖုန်းတွေကတောင် ပိုစောပြီး Android 10 ကို Update ရရှိဖို့များနေပါတယ်။

Ref – GSM Arena

Zawgyi

ၿပီးခဲ့တဲ့ လပိုင္းတုန္းက Xiaomi ကေန Android 10 နဲ႔ MIUI 11 ကို Update ျပဳလုပ္ႏိုင္မယ့္ ဒါဇင္ဝန္းက်င္ခန္႔ စမတ္ဖုန္းေတြကို ေဖာ္ျပခဲ့ၿပီး အဲ့ဒီထဲမွာ Redmi Note 7 Series ဖုန္းေတြလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။ ဒီ Redmi Note 7 Series ဖုန္းေတြဟာ Xiaomi အတြက္ အေအာင္ျမင္ဆုံး စမတ္ဖုန္းေတြျဖစ္သလို အခုလည္း Android 10 Update က ထင္ထားတာထက္ေစာၿပီး ရရွိေတာ့မယ့္ပုံစံပါပဲ။

Xiaomi ကေန အခုအခ်ိန္မွာ Redmi Note 7 အတြက္ Android 10 Build ကို Close Beta အေနနဲ႔ တ႐ုတ္ႏိုင္ငံမွာ စတင္ေဆာင္႐ြက္ေနၿပီျဖစ္ၿပီးေတာ့ ပုံမွန္အတိုင္းဆိုရင္ ေနာက္လာမယ့္ ၃ ပတ္ဝန္းက်င္ေလာက္မွာ Bugs ေတြ နည္းပါးတဲ့ Public Beta ကို ထုတ္ေပးေတာ့မွာျဖစ္ပါတယ္။ Public Beta ရရွိလာတဲ့အခ်ိန္ၾကရင္ေတာ့ ေနာက္ထပ္ ရက္သတၱပတ္ ၈ ပတ္အတြင္းမွာ Stable Version ထြက္ရွိလာဖို႔မ်ားေနပါတယ္။

ဘာပဲျဖစ္ျဖစ္ Xiaomi ကေန ယခင္တုန္းက Redmi Note 7 နဲ႔ 7 Pro ဖုန္းေတြအတြက္ Android 10 Beta ကို လာမယ့္ ၂၀၂၀ ခုႏွစ္ ပထမ ၃ လပတ္မွ စတင္ေဆာင္႐ြက္မယ္လို႔ ေျပာၾကားထားတဲ့အတြက္ အခုၾကည့္ရတာ ေျပာထားတဲ့အခ်ိန္ထက္ ၁ လဝန္းက်င္ေလာက္ကို ေစာၿပီး ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။

မၾကာေသးခင္ကမွ မိတ္ဆက္ထားတဲ့ Redmi Note 8 Series ဖုန္းေတြေတာင္မွ Android 9 ကိုအေျခခံထားတဲ့ MIUI 9 နဲ႔ ထြက္ရွိထားတာျဖစ္တဲ့အတြက္ ဒီ Redmi Note 7 ဖုန္းေတြကေတာင္ ပိုေစာၿပီး Android 10 ကို Update ရရွိဖို႔မ်ားေနပါတယ္။

Ref – GSM Arena