Zawgyi
Ref: Gizmo China
Unicode
Redmi Note 7, Redmi Note 7 Pro နဲ့ Redmi Go ဖုန်းသုံးလုံးကို အိန္ဒိယ မှာ မိတ်ဆက်မည်
မကြာသေးခင်ကပဲ Xiaomi ကနေပြီး သူ့ရဲ့ Redmi ဖုန်းစီးရီးကို Brand တစ်ခု အဖြစ် သပ်သပ်ခွဲထုတ်ပြီး Redmi Note 7 ကို မိတ်ဆက်လိုက်ပါတယ်။ စတင်မိတ်ဆက်လိုက်ကတည်းက ကမ္ဘာတစ်ဝှမ်းက Smartphone Crazy တွေရဲ့ အာရုံစိုက်မှုကို အရယူခဲ့ပြီး 48MP ပမာဏရှိတဲ့ ကင်မရာတပ်ဆင်ပေးထားတဲ့ ဘတ်ဂျက် စမတ်ဖုန်း အဖြစ် နာမည်ကြီးလာပါတယ်။
လောလောဆယ်တော့ Redmi Note 7 ကို တရုတ်ပြည်တွင်းမှာပဲ ဝယ်ယူလို့ရသေးပါတယ်။ တရုတ်ပြည်တွင်းမှာစတင်ရောင်းချတဲ့အခါ ရောင်းအား အရမ်းကောင်းပြီး ပစ္စည်း ပြတ်လပ်တဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။ Xiaomi ဟာ အခုဆိုရင် Redmi Note 7 ရဲ့ Global Version ကို အိန္ဒိယမှာ စတင် မိတ်ဆက်ဖို့ ကြိုးစားနေပြီလို့ သိရပါတယ်။
အိန္ဒိယ မှာ စတင်မိတ်ဆက်မယ့် Redmi Note 7 Series မှာ Redmi Note 7 တစ်မျိုးတည်း မဟုတ်ပဲ Redmi Note 7 Pro နဲ့ Redmi Note Go ဖုန်းနှစ်လုံးပါ ပါဝင်တယ်လို့ သိရပါတယ်။ Redmi Note 7 ကတော့ လူအများသိထားတဲ့အတိုင်းပဲ 48MP ကင်မရာနဲ့ Snapdragon 660 SoC တွေကြောင့် နာမည်ကြီးနေတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ သူ့နောက်မှာ ထပ်မိတ်ဆက်မယ့် ဖုန်းကတော့ Redmi Note 7 Pro ဖြစ်ကာ Sony ရဲ့ 48MP ရှိတဲ့ IMX Sensor ကို အသုံးပြုထားမှာမို့ ရိုးရိုး Redmi Note 7 ရဲ့ Samsung Sensor ထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အပြင် Snapdragon 660 ထက် စွမ်းဆောင်ရည်ပိုမြင့်တဲ့ Snapdragon 675 SoC ကိုလည်း တပ်ဆင်ပေးထားမှာပါ။
နောက်ထပ်ဖုန်းတစ်လုံးကတော့ Entry-level ဖုန်းဖြစ်တဲ့ Redmi Go ဖုန်းပါ။ Android Go ကို အသုံးပြုထားလို့ ရိုးရိုး Android OS လောက် Spec မြင့်ဖို့မလိုပဲ RAM ပမာဏ 1GB တည်းနဲ့ Run နိုင်တာကြောင့် Redmi Go မှာ RAM 1GB ပါလာနိုင်ပြီး စျေးနှုန်းကလည်း အတော်လေးကို နည်းမှာပါ။ အဆိုပါ Redmi ဖုန်းသုံးလုံးကို မေလ လောက်ကစပြီး အိန္ဒိယမှာ စတင် မိတ်မှာပါ။
Ref: Gizmo China