[Zawgyi]

အခုလအေစာပုိင္းမွာ Redmi Note 7 စမတ္ဖုန္းဟာ 48MP ကင္မရာနဲ႔ မိတ္ဆက္လာခဲ့ပါတယ္။ ထပ္မံ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ ဒီဖုန္းဟာ ဗားရွင္းအသစ္တစ္မ်ဳိး ထပ္ထြက္လာဦးမွာျဖစ္ၿပီး သူ႔ရဲ႕ 48MP Samsung ISOCELL ဆင္ဆာအစား Sony ရဲ႕ IMX586 ကိုအသုံးျပဳလာမယ့္ စမတ္ဖုန္းအသစ္ကုိ Redmi Note 7 Pro အျဖစ္ ထပ္ထုတ္လာဦးမွာပါ။

Redmi ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Lu Weibing ဟာသူ႕ရဲ႕ပရိသတ္ေတြကို အြန္လိုင္းမွာ Redmi Note 7 Pro ဖုန္းမွာ ဘာေတြပါေစခ်င္သလဲလို႔ ေမးခြန္းထုတ္ခဲ့ၿပီး Follower တစ္ေယာက္က 3/32GB ဗားရွင္းကို လုံးဝ ခ်န္ခဲ့ကာ 6/64GB သို႔မဟုတ္ 6/128GB ဗားရွင္းကို တန္းထုတ္ဖို႔ တုိက္တြန္းခဲ့ပါတယ္။ အလားတူ ပုိစ့္တစ္ခုကို Xiaomi ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ Lei Jun ကလည္း သူ႕ရဲ႕ဆုိရွယ္အေကာင့္မွာ ထပ္တင္ခဲ့တာေၾကာင့္ Redmi Note 7 Pro ဟာ မၾကာခင္အေကာင္အထည္ေပၚလာဖို႔ နီးစပ္ေနပါတယ္။

ေနာက္ထြက္လာမယ့္ Redmi Note 7 Pro ကေတာ့ Notch တစ္ခုနဲ႔ 6.4” လက္မ Display ၊ 4,000 mAh ဘကၳရီတုိ႔ အပါဝင္ တူညီမႈေတြကို ဆက္ေတြ႕ရႏုိင္ပါတယ္။ ဒါေပမယ့္ ခ်စ္ပ္ဆက္မွာေတာ့ Snapdragon 660 အစား Snapdragon 675 ကိုေျပာင္းလဲအသုံးျပဳလာႏုိင္တယ္။

Xiaomi Note 7 ဟာ ၂၀၁၉ ႏွစ္စမွာ စမတ္ဖုန္းခ်စ္သူေတြကို ေတာ္ေတာ္ေလး စိတ္ဝင္စားေအာင္ လုပ္ခဲ့ၿပီးေနာက္ Note 7 Pro ကေရာ ေစ်းႏႈန္းပိုလာၿပီး Specs ေတြဘယ္လိုျမွင့္တင္လာဦးမလဲဆုိတာ ၾကည့္ရမွာပါ။ အခုကေတာ့ Redmi နဲ႔ Xiaomi အႀကီးအကဲေတြ Note 7 Pro မိတ္ဆက္ရက္ ေၾကျငာမွာကိုပဲ ဆက္ေစာင့္စားရဦးမွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

အခုလအစောပိုင်းမှာ Redmi Note 7 စမတ်ဖုန်းဟာ 48MP ကင်မရာနဲ့ မိတ်ဆက်လာခဲ့ပါတယ်။ ထပ်မံ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ဒီဖုန်းဟာ ဗားရှင်းအသစ်တစ်မျိုး ထပ်ထွက်လာဦးမှာဖြစ်ပြီး သူ့ရဲ့ 48MP Samsung ISOCELL ဆင်ဆာအစား Sony ရဲ့ IMX586 ကိုအသုံးပြုလာမယ့် စမတ်ဖုန်းအသစ်ကို Redmi Note 7 Pro အဖြစ် ထပ်ထုတ်လာဦးမှာပါ။

Redmi ရဲ့ အမှုဆောင်အရာရှိချုပ် Lu Weibing ဟာသူ့ရဲ့ပရိသတ်တွေကို အွန်လိုင်းမှာ Redmi Note 7 Pro ဖုန်းမှာ ဘာတွေပါစေချင်သလဲလို့ မေးခွန်းထုတ်ခဲ့ပြီး Follower တစ်ယောက်က 3/32GB ဗားရှင်းကို လုံးဝ ချန်ခဲ့ကာ 6/64GB သို့မဟုတ် 6/128GB ဗားရှင်းကို တန်းထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အလားတူ ပိုစ့်တစ်ခုကို Xiaomi ရဲ့အမှုဆောင်အရာရှိချုပ် Lei Jun ကလည်း သူ့ရဲ့ဆိုရှယ်အကောင့်မှာ ထပ်တင်ခဲ့တာကြောင့် Redmi Note 7 Pro ဟာ မကြာခင်အကောင်အထည်ပေါ်လာဖို့ နီးစပ်နေပါတယ်။

နောက်ထွက်လာမယ့် Redmi Note 7 Pro ကတော့ Notch တစ်ခုနဲ့ 6.4” လက်မ Display ၊ 4,000 mAh ဘက္ထရီတို့ အပါဝင် တူညီမှုတွေကို ဆက်တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ချစ်ပ်ဆက်မှာတော့ Snapdragon 660 အစား Snapdragon 675 ကိုပြောင်းလဲအသုံးပြုလာနိုင်တယ်။

Xiaomi Note 7 ဟာ ၂၀၁၉ နှစ်စမှာ စမတ်ဖုန်းချစ်သူတွေကို တော်တော်လေး စိတ်ဝင်စားအောင် လုပ်ခဲ့ပြီးနောက် Note 7 Pro ကရော ဈေးနှုန်းပိုလာပြီး Specs တွေဘယ်လိုမြှင့်တင်လာဦးမလဲဆိုတာ ကြည့်ရမှာပါ။ အခုကတော့ Redmi နဲ့ Xiaomi အကြီးအကဲတွေ Note 7 Pro မိတ်ဆက်ရက် ကြေငြာမှာကိုပဲ ဆက်စောင့်စားရဦးမှာ ဖြစ်ပါတယ်။

Ref – GSM Arena