Zawgyi

မေန႕ကပဲ Redmi ရဲ႕ မန္ေနဂ်ာျဖစ္တဲ့ လူေဝဘင္း ကေနၿပီး “သင္တို႔ မိဘေတြကို ဖုန္းဝယ္ေပးတဲ့ေနရာမွာ ဘယ္အပိုင္းေတြကို အဓိကထားလဲ” လို႔ Redmi Fan ေတြကို ေမးလိုက္ပါတယ္။ Vote လုပ္ခဲ့တာျဖစ္ၿပီး Vote အမ်ားဆုံးကေတာ့ ႀကီးမားတဲ့ ဘက္ထရီနဲ႕ တန္ဖိုးသင့္တဲ့ အခ်က္ေတြပါပဲ။ Redmi ဟာ ေနာက္ထပ္ထုတ္မယ့္ Redmi ဖုန္းမွာ Fan ေတြရဲ႕ေတာင္းဆိုမႈ အမ်ားဆုံး အခ်က္ေတြကို အဓိကထားၿပီး အာ႐ုံစိုက္သြားမွာပါလို႔ Xiaomi ရဲ႕ ပစၥည္းထုတ္လုပ္ေရးပိုင္း ဒါရိုက္တာ တစ္ေယာက္က ေျပာၾကားလိုက္ပါတယ္။ တန္ဖိုး သင့္တင့္ျခင္းဆိုတဲ့ အခ်က္ကေတာ့ Xiaomi ထုံးစံအတိုင္း ေျပာစရာမလိုပါဘူး။ Vote ေတြအရ ဘက္ထရီပိုင္းကို အဓိက အာ႐ုံစိုက္ေစခ်င္တဲ့အတြက္ Redmi ဖုန္းအသစ္မွာ ဘက္ထရီ ပမာဏ ပိုမ်ားလာမွာ ေသခ်ာသြားပါၿပီ။

နဂိုကတည္းကမွ 4,000mAh ပမာဏရွိတဲ့ ဘက္ထရီ အႀကီးႀကီး တပ္ဆင္ေပးထားတဲ့ Redmi Note 7 ဟာ ဘက္ထရီ အေတာ္ခံေနတဲ့အတြက္ ေနာက္ထပ္ ထုတ္မယ့္ ဖုန္းမွာသာ ဘက္ထရီ ထပ္တိုးလိုက္ရင္ေတာ့ Power User ေတြ အတြက္ဝမ္းသာစရာပဲ။ Redmi ရဲ႕ ေနာက္ထပ္ထုတ္မယ့္ ဖုန္းဟာ Redmi Note 7 Pro ျဖစ္နိုင္ၿပီး Note 7 Pro နဲ႕ ပတ္သက္လို႔ Xiaomi ဘက္ကေတာ့ တစ္စုံတစ္ရာ ေျပာၾကားထားျခင္းမရွိေသးပါဘူး။

Redmi Note 7 Pro မွာသာ ပိုႀကီးတဲ့ ဘက္ထရီထည့္ေပးမယ္ဆိုရင္ ဖုန္း Body ဟာ Note 7 ထက္ ပိုၿပီး ထူလာနိုင္ပါတယ္။ ဘက္ထရီပိုႀကီးၿပီး ဖုန္းကို ပိုမထူလာေစခ်င္ရင္ေတာ့ ပိုႀကီးတဲ့ မ်က္ႏွာျပင္နဲ႕ ထုတ္ရမွာပါ။ အဲ့တာေၾကာင့္ Redmi Note 7 Pro ဟာ Redmi Note 7 ထက္ မ်က္ႏွာျပင္ ပိုက်ယ္လာနိုင္ပါတယ္။ Redmi Note 7 Pro မွာ Snapdragon 675 ကိုတပ္ဆင္ေပးထားၿပီး 48MP ရွိတဲ့ Sony IMX586 Camera တပ္ဆင္ေပးထားမယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ Redmi Note 7 Pro ကို လာမယ့္ ေဖေဖာ္ဝါရီ လအတြင္း မိတ္ဆက္နိုင္ၿပီး နိုင္ငံတကာေစ်းကြက္ကိုလည္း မၾကာခင္ ေရာက္ရွိလာမွာပါ။

Ref: Giz China

Unicode

Redmi Note 7 Pro မှာ ဘက်ထရီ ပမာဏ ပိုများလာနိုင်

မနေ့ကပဲ Redmi ရဲ့ မန်နေဂျာဖြစ်တဲ့ လူဝေဘင်း ကနေပြီး “သင်တို့ မိဘတွေကို ဖုန်းဝယ်ပေးတဲ့နေရာမှာ ဘယ်အပိုင်းတွေကို အဓိကထားလဲ” လို့ Redmi Fan တွေကို မေးလိုက်ပါတယ်။ Vote လုပ်ခဲ့တာဖြစ်ပြီး Vote အများဆုံးကတော့ ကြီးမားတဲ့ ဘက်ထရီနဲ့ တန်ဖိုးသင့်တဲ့ အချက်တွေပါပဲ။ Redmi ဟာ နောက်ထပ်ထုတ်မယ့် Redmi ဖုန်းမှာ Fan တွေရဲ့တောင်းဆိုမှု အများဆုံး အချက်တွေကို အဓိကထားပြီး အာရုံစိုက်သွားမှာပါလို့ Xiaomi ရဲ့ ပစ္စည်းထုတ်လုပ်ရေးပိုင်း ဒါရိုက်တာ တစ်ယောက်က ပြောကြားလိုက်ပါတယ်။ တန်ဖိုး သင့်တင့်ခြင်းဆိုတဲ့ အချက်ကတော့ Xiaomi ထုံးစံအတိုင်း ပြောစရာမလိုပါဘူး။ Vote တွေအရ ဘက်ထရီပိုင်းကို အဓိက အာရုံစိုက်စေချင်တဲ့အတွက် Redmi ဖုန်းအသစ်မှာ ဘက်ထရီ ပမာဏ ပိုများလာမှာ သေချာသွားပါပြီ။

နဂိုကတည်းကမှ 4,000mAh ပမာဏရှိတဲ့ ဘက်ထရီ အကြီးကြီး တပ်ဆင်ပေးထားတဲ့ Redmi Note 7 ဟာ ဘက်ထရီ အတော်ခံနေတဲ့အတွက် နောက်ထပ် ထုတ်မယ့် ဖုန်းမှာသာ ဘက်ထရီ ထပ်တိုးလိုက်ရင်တော့ Power User တွေ အတွက်ဝမ်းသာစရာပဲ။ Redmi ရဲ့ နောက်ထပ်ထုတ်မယ့် ဖုန်းဟာ Redmi Note 7 Pro ဖြစ်နိုင်ပြီး Note 7 Pro နဲ့ ပတ်သက်လို့ Xiaomi ဘက်ကတော့ တစ်စုံတစ်ရာ ပြောကြားထားခြင်းမရှိသေးပါဘူး။

Redmi Note 7 Pro မှာသာ ပိုကြီးတဲ့ ဘက်ထရီထည့်ပေးမယ်ဆိုရင် ဖုန်း Body ဟာ Note 7 ထက် ပိုပြီး ထူလာနိုင်ပါတယ်။ ဘက်ထရီပိုကြီးပြီး ဖုန်းကို ပိုမထူလာစေချင်ရင်တော့ ပိုကြီးတဲ့ မျက်နှာပြင်နဲ့ ထုတ်ရမှာပါ။ အဲ့တာကြောင့် Redmi Note 7 Pro ဟာ Redmi Note 7 ထက် မျက်နှာပြင် ပိုကျယ်လာနိုင်ပါတယ်။ Redmi Note 7 Pro မှာ Snapdragon 675 ကိုတပ်ဆင်ပေးထားပြီး 48MP ရှိတဲ့ Sony IMX586 Camera တပ်ဆင်ပေးထားမယ်လို့ ခန့်မှန်းနေကြပါတယ်။ Redmi Note 7 Pro ကို လာမယ့် ဖေဖော်ဝါရီ လအတွင်း မိတ်ဆက်နိုင်ပြီး နိုင်ငံတကာစျေးကွက်ကိုလည်း မကြာခင် ရောက်ရှိလာမှာပါ။

Ref: Giz China