Xiaomi ကနေ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Redmi Note 7 နဲ့ Note 7 Pro ဖုန်းတွေဟာ Mid Range ဖုန်းတွေထဲမှာ အကြီးအကျယ်ကို အောင်မြင်ခဲ့တဲ့စမတ်ဖုန်းတွေလို့ ပြောလို့ရပါတယ်။ အခုအချိန်မှာ Xiaomi ကနေ Redmi Note 8 Series နဲ့ Redmi Note 9 Series ဖုန်းတွေအထိ မိတ်ဆက်ပြီးဖြစ်နေပေမယ့် Redmi Note 7 Pro ကို ဆက်လက် Update ပေးနေတုန်းပါပဲ။

ဒါကတော့ Redmi Note 7 Pro စမတ်ဖုန်းဟာ Android 10 Update ကို Beta Version အနေနဲ့ပဲ အစောပိုင်းလတွေတုန်းက ရရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Android 10 Stable Update ကို တရားဝင်ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။ လောလောဆယ်မှာ တရုတ်နိုင်ငံတွင်း သို့မဟုတ် China ROM Version တွေအရင်ဆုံး Update ပြုလုပ်နိုင်မှာဖြစ်ပြီး နောက်ပိုင်းကြမှ Global Version အတွက်ပါ Update ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

အခု Android 10 Stable Update ဟာ MIUI V11.0.1.0.QF ဆိုပြီး ထွက်ရှိလာတယ်လို့ သိရပြီး File Size အနေနဲ့ 2.1GB ဝန်းကျင်ခန့် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Android 10 Update အပြင် May 2020 Android Security Patch လည်းပါဝင်လာမယ်လို့ သိရပါတယ်။

Feature ပိုင်းအနေနဲ့ကတော့ MIUI 11 ကိုပဲ အခြေခံထားတဲ့အတွက် သိသိသာသာပြောင်းလဲသွားမှာတော့မဟုတ်ဘဲ Smart Replies လိုမျိုး Feature အချို့ပဲ ရရှိလာမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Qualcomm Snapdragon 675 ၊ 48MP + 5MP Dual Camera Setup ၊ 6.3″ Full HD+ Display နဲ့ 4000mAh Battery တွေပါဝင်တဲ့ Redmi Note 7 Pro လို Mid Range ဖုန်းတစ်လုံးကပါ Android 10 Update ရရှိလာတာကတော့ ချီးကျူးရမှာပါ။

Ref – Gizmo China