[Zawgyi]

မေန႔က Redmi Note 7 Pro ဖုန္းရဲ႕ ဓါတ္ပုံေတြကို TENAA ဝက္ဆုိက္မွာ ျမင္ေတြ႕ခဲ့ရၿပီး တရားဝင္ Render ပုံရိပ္ေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္ ယေန႔မွာထပ္ၿပီးေတာ့ ၂၀၁၉ ႏွစ္စမွာ ေမွ်ာ္လင့္သူ မ်ားေနတဲ့ဖုန္းရဲ႕ Specs အသစ္ေတြ TENAA ကေနပဲ ထပ္မံထြက္ေပၚလာျပန္ပါတယ္။

TENAA စာရင္းထဲမွာ အေလးခ်ိန္နဲ႔ အခ်ဳိးအစား အပါအဝင္ Hardware Spec ေတြအျပည့္အစုံ ပါဝင္လာခဲ့ၿပီး Redmi Note 7 Pro စမတ္ဖုန္းဟာ 159.2 x 75.1 x 8.1mm ရွိကာ အေလးခ်ိန္ 186g ျဖစ္ပါတယ္။ ဒီဖုန္းမွာ စုစုေပါင္းကင္မရာသုံးလုံးပါဝင္လာမွာျဖစ္ၿပီး မေန႔က ပုံေတြထဲမွာလည္း ေက်ာဘက္မွာ ေထာင္လုိက္ ထည့္သြင္းထားတဲ့ Dual-Camera အတြဲကို ျမင္ေတြ႕ခဲ့ရၿပီးပါၿပီ။

ဒါ့အျပင္ CPU ရဲ႕ျမန္ႏႈန္းက 2.0 GHz ရွိတာကိုေတြ႕ရလို႔ ယခင္က သတင္းထြက္ထားတဲ့အတုိင္း Qualcomm Snapdragon 660 ဆုိတာ ျဖစ္ႏုိင္လာပါတယ္။ မန္မုိရီေရြးခ်ယ္မႈကေတာ့ သုံးမ်ဳိးရွိၿပီး 3/32 GB, 4/64 GB နဲ႔ 6/128 GB တုိ႔ပဲျဖစ္မွာပါ။

Redmi Note 7 Pro စမတ္ဖုန္းမွာ 6.3” လက္မအရြယ္ LCD Display ပါဝင္ၿပီး အနည္းငယ္ရွည္ေျမာတဲ့ 19.5:9 Aspect Ratio ျဖစ္ပါတယ္။ ေရွ႕ဘက္မွာ ဆယ္ဖီကင္မရာအတြက္ Waterdrop Notch တစ္ခုပါဝင္ပါတယ္။ ေနာကဘက္ကင္မရာက 48MP အဓိကကင္မရာနဲ႔ 13MP Secondary တုိ႔ကို တြဲဖက္ထားမွာပါ။ ေက်ာဘက္မွာပဲ Fingerprint ပါဝင္ၿပီး ဒီဖုန္းမွာ Android Pie နဲ႔စတင္အသုံးျပဳရမွာပါ။

Note 7 Pro စမတ္ဖုန္းသစ္ဟာ အနက္၊ အနီ၊ အျပာ၊ ပန္းေရာင္၊ အျဖဴ၊ အစိမ္း၊ ခရမ္းနဲ႔ အညဳိဆုိၿပီး အေရာင္ရွစ္မ်ဳိးနဲ႔ ထြက္လာမွာျဖစ္ပါတယ္။ Note 7 Pro ဖုန္းဟာ တရုတ္ႏုိင္ငံအတြင္းမွာ အခ်ိန္မေရြး မိတ္ဆက္လာႏုိင္ၿပီး အိႏၵိယေစ်းကြက္မွာေတာ့ လာမယ့္ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔မွာ မိတ္ဆက္ပြဲလုပ္သြားဖို႔ ရွိပါတယ္။

Ref – GSM Arena

[Unicode]

မနေ့က Redmi Note 7 Pro ဖုန်းရဲ့ ဓါတ်ပုံတွေကို TENAA ဝက်ဆိုက်မှာ မြင်တွေ့ခဲ့ရပြီး တရားဝင် Render ပုံရိပ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ယနေ့မှာထပ်ပြီးတော့ ၂၀၁၉ နှစ်စမှာ မျှော်လင့်သူ များနေတဲ့ဖုန်းရဲ့ Specs အသစ်တွေ TENAA ကနေပဲ ထပ်မံထွက်ပေါ်လာပြန်ပါတယ်။

TENAA စာရင်းထဲမှာ အလေးချိန်နဲ့ အချိုးအစား အပါအဝင် Hardware Spec တွေအပြည့်အစုံ ပါဝင်လာခဲ့ပြီး Redmi Note 7 Pro စမတ်ဖုန်းဟာ 159.2 x 75.1 x 8.1mm ရှိကာ အလေးချိန် 186g ဖြစ်ပါတယ်။ ဒီဖုန်းမှာ စုစုပေါင်းကင်မရာသုံးလုံးပါဝင်လာမှာဖြစ်ပြီး မနေ့က ပုံတွေထဲမှာလည်း ကျောဘက်မှာ ထောင်လိုက် ထည့်သွင်းထားတဲ့ Dual-camera အတွဲကို မြင်တွေ့ခဲ့ရပြီးပါပြီ။

ဒါ့အပြင် CPU ရဲ့မြန်နှုန်းက 2.0GHz ရှိတာကိုတွေ့ရလို့ ယခင်က သတင်းထွက်ထားတဲ့အတိုင်း Qualcomm Snapdragon 660 ဆိုတာ ဖြစ်နိုင်လာပါတယ်။ မန်မိုရီရွေးချယ်မှုကတော့ သုံးမျိုးရှိပြီး 3/32 GB, 4/64 GB နဲ့ 6/128 GB တို့ပဲဖြစ်မှာပါ။

Redmi Note 7 Pro စမတ်ဖုန်းမှာ 6.3” လက်မအရွယ် LCD Display ပါဝင်ပြီး အနည်းငယ်ရှည်မြောတဲ့ 19.5:9 Aspect Ratio ဖြစ်ပါတယ်။ ရှေ့ဘက်မှာ ဆယ်ဖီကင်မရာအတွက် Waterdrop Notch တစ်ခုပါဝင်ပါတယ်။ နောကဘက်ကင်မရာက 48MP အဓိကကင်မရာနဲ့ 13MP Secondary တို့ကို တွဲဖက်ထားမှာပါ။ ကျောဘက်မှာပဲ Fingerprint ပါဝင်ပြီး ဒီဖုန်းမှာ Android Pie နဲ့စတင်အသုံးပြုရမှာပါ။

Note 7 Pro စမတ်ဖုန်းသစ်ဟာ အနက်၊ အနီ၊ အပြာ၊ ပန်းရောင်၊ အဖြူ၊ အစိမ်း၊ ခရမ်းနဲ့ အညိုဆိုပြီး အရောင်ရှစ်မျိုးနဲ့ ထွက်လာမှာဖြစ်ပါတယ်။ Note 7 Pro ဖုန်းဟာ တရုတ်နိုင်ငံအတွင်းမှာ အချိန်မရွေး မိတ်ဆက်လာနိုင်ပြီး အိန္ဒိယဈေးကွက်မှာတော့ လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ မိတ်ဆက်ပွဲလုပ်သွားဖို့ ရှိပါတယ်။

Ref – GSM Arena