[Zawgyi]

Xiaomi ပရိသတ္ေတြကေတာ့ Redmi Note 7 ထြက္ၿပီးတဲ့ေနာက္ Redmi Note 7 Pro ကို ေမွ်ာ္လင့္တႀကီးနဲ႔ ေစာင့္စားေနၾကမွာပဲ ျဖစ္ပါတယ္။ လာမယ့္ မတ္လထဲမွာ ေတြ႕ျမင္ရဖြယ္ရွိတဲ့ Redmi Note 7 Pro ဟာ 48MP + 5MP ကင္မရာ ႏွစ္လုံးနဲ႔ ဆိုတာကလြၿပီး ဘာမွ ေရေရရာရာ မသိေသးေတာ့ အသည္းယားစရာပါပဲ။

အခုေတာ့ Xiaomi M1901F7BE အမည္နဲ႔ TENAA မွာေတြ႕ျမင္ရတဲ့ဖုန္းဟာ Redmi Note 7 Pro ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ Redmi Note 7 Pro ရဲ႕ အေျခခံအခ်က္အခ်ိဳ႕ျဖစ္တဲ့ မ်က္ႏွာျပင္အ႐ြယ္အစား၊ ဖုန္းရဲ႕ အ႐ြယ္အစား စတာေတြကို သိရွိလိုက္ရၿပီ ျဖစ္ပါတယ္။

Redmi Note 7 Pro ရဲ႕ မ်က္ႏွာျပင္အ႐ြယ္အစားဟာ 6.3-inch ျဖစ္ပါတယ္။ မ်က္ႏွာျပင္မွာ ေသးငယ္တဲ့ Waterdrop Notch ပါဝင္ေနၿပီး ဒီ Notch ထဲမွာေတာ့ Front-Facing Camera တပ္ဆင္ထားပါတယ္။ ေက်ာဘက္မွာေတာ့ အားလုံးသိၿပီးၾကတဲ့အတိုင္းပဲ Sony IMX586 Sensor နဲ႔ 48MP ကင္မရာနဲ႔ 5MP ဒုတိယကင္မရာတို႔ ရွိေနၾကပါတယ္။

ေက်ာဘက္မွာ Fingerprint Scanner ကို ျမင္ေတြ႕ရတဲ့အတြက္ UD Scanner ပါဝင္လာဖို႔ ေမွ်ာ္လင့္ထားတာေတြ ေမာရၿပီလို႔ဆိုရမွာပါ။ အ႐ြယ္အစားကေတာ့ 159.2 x 75.2 x 8.1 mm အျဖစ္ျမင္ေတြ႕ရတဲ့အတြက္ Redmi Note 7 နဲ႔ အ႐ြယ္တူလို႔ပဲ ဆိုရမွာပါ။

ေမွ်ာ္လင့္စရာ တစ္ခုကေတာ့ ႏွစ္ႏွစ္ေလာက္ ၾကာေနၿပီျဖစ္တဲ့ Snapdragon 660 အစား Snapdragon 675 Chipset ကို အသုံးျပဳလာႏိုင္ဖြယ္ရွိတယ္ ဆိုတာပါပဲ။ ဒီသတင္းေရးေနတုန္း ထပ္သိရတာကေတာ့ Redmi Note 7 Pro ရဲ႕ Press Renders ပုံအခ်ိဳ႕ ထြက္ေပၚလာတာပါပဲ။

Redmi Note 7 Pro ကို တ႐ုတ္ႏိုင္ငံတြင္းမွာ လာမယ့္ တစ္ရက္၊ ႏွစ္ရက္အတြင္း တရားဝင္ ပြဲထုတ္ေတာ့မွာျဖစ္တဲ့အတြက္ က်န္တဲ့အခ်က္အလက္ အျပည့္အစုံေတြကို ဒီရက္ပိုင္းအတြင္း သိရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

နောက်ဆုံးတော့ Redmi Note 7 Pro ကို TENAA မှာ တွေ့ရပြီ

Xiaomi ပရိသတ်တွေကတော့ Redmi Note 7 ထွက်ပြီးတဲ့နောက် Redmi Note 7 Pro ကို မျှော်လင့်တကြီးနဲ့ စောင့်စားနေကြမှာပဲ ဖြစ်ပါတယ်။ လာမယ့် မတ်လထဲမှာ တွေ့မြင်ရဖွယ်ရှိတဲ့ Redmi Note 7 Pro ဟာ 48MP + 5MP ကင်မရာ နှစ်လုံးနဲ့ ဆိုတာကလွပြီး ဘာမှ ရေရေရာရာ မသိသေးတော့ အသည်းယားစရာပါပဲ။

အခုတော့ Xiaomi M1901F7BE အမည်နဲ့ TENAA မှာတွေ့မြင်ရတဲ့ဖုန်းဟာ Redmi Note 7 Pro ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Redmi Note 7 Pro ရဲ့ အခြေခံအချက်အချို့ဖြစ်တဲ့ မျက်နှာပြင်အရွယ်အစား၊ ဖုန်းရဲ့ အရွယ်အစား စတာတွေကို သိရှိလိုက်ရပြီ ဖြစ်ပါတယ်။

Redmi Note 7 Pro ရဲ့ မျက်နှာပြင်အရွယ်အစားဟာ 6.3-inch ဖြစ်ပါတယ်။ မျက်နှာပြင်မှာ သေးငယ်တဲ့ Waterdrop notch ပါဝင်နေပြီး ဒီ notch ထဲမှာတော့ Front-facing camera တပ်ဆင်ထားပါတယ်။ ကျောဘက်မှာတော့ အားလုံးသိပြီးကြတဲ့အတိုင်းပဲ Sony IMX586 sensor နဲ့ 48MP ကင်မရာနဲ့ 5MP ဒုတိယကင်မရာတို့ ရှိနေကြပါတယ်။

ကျောဘက်မှာ Fingerprint Scanner ကို မြင်တွေ့ရတဲ့အတွက် UD scanner ပါဝင်လာဖို့ မျှော်လင့်ထားတာတွေ မောရပြီလို့ဆိုရမှာပါ။ အရွယ်အစားကတော့ 159.2 x 75.2 x 8.1 mm အဖြစ်မြင်တွေ့ရတဲ့အတွက် Redmi Note 7 နဲ့ အရွယ်တူလို့ပဲ ဆိုရမှာပါ။

မျှော်လင့်စရာ တစ်ခုကတော့ နှစ်နှစ်လောက် ကြာနေပြီဖြစ်တဲ့ Snapdragon 660 အစား Snapdragon 675 chipset ကို အသုံးပြုလာနိုင်ဖွယ်ရှိတယ် ဆိုတာပါပဲ။ ဒီသတင်းရေးနေတုန်း ထပ်သိရတာကတော့ Redmi Note 7 Pro ရဲ့ Press renders ပုံအချို့ ထွက်ပေါ်လာတာပါပဲ။

Redmi Note 7 Pro ကို တရုတ်နိုင်ငံတွင်းမှာ လာမယ့် တစ်ရက်၊ နှစ်ရက်အတွင်း တရားဝင် ပွဲထုတ်တော့မှာဖြစ်တဲ့အတွက် ကျန်တဲ့အချက်အလက် အပြည့်အစုံတွေကို ဒီရက်ပိုင်းအတွင်း သိရတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena