[Zawgyi]

Redmi ဟာ Flagship Killer လို႔ ႂကြားလုံးထုတ္ထားတဲ့ Redmi K20 ကို မိတ္မဆက္ခင္မွာ သူတို႔ရဲ႕ Redmi Note 7 ေအာင္ျမင္မႈကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ Xiaomi ရဲ႕ Redmi Note 7 ဟာ ၄ လေက်ာ္အတြင္း (၁၂၉ရက္) မွာ ကမာၻတစ္ဝန္း အလုံးေရ ၁၀ သန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

လတ္တေလာအေျခအေနမွာ တ႐ုတ္အေျခစိုက္ မဟာၿပိဳင္ဘက္ကုမၸဏီႀကီး Huawei ကို စိတ္ဝင္စားမႈေလ်ာ့က်ေနၿပီး သူ႔အစား Xiaomi ကို ေျပာင္းလဲစိတ္ဝင္စားေနတဲ့အေျခအေနလည္း ျဖစ္ပါတယ္။ Huawei ရဲ႕ အခက္ေတြ႕ခ်ိန္မွာ Xiaomi က ေဈးကြက္ေဝစုအခ်ိဳ႕ကို ရယူသြားဖို႔ အခ်က္ေကာင္းလည္း ျဖစ္ေနခ်ိန္လို႔ ဆိုရမွာပါ။ ဒီလိုအလားအလာေကာင္းေနခ်ိန္မွာ Xiaomi ရဲ႕ ပူးတြဲတည္ေထာင္သူ Lei Jun က Weibo မွာ Redmi Note 7 ေအာင္ျမင္မႈကို ေဝမွ်ခဲ့ပါတယ္။

Xiaomi ရဲ႕ စမတ္ဖုန္းေတြဟာ Price to Performance (ေပးေခ်ရတဲ့ ေငြေၾကးနဲ႔ညီမွ်တဲ့ အရည္အေသြး) ေကာင္းမြန္မႈေၾကာင့္ နာမည္ေကာင္းရခဲ့တာလည္း ျဖစ္ပါတယ္။ အလားတူပဲ Jun က “ဝယ္ယူသူရဲ႕ ေငြေၾကးအတြက္ ျမင့္မားတဲ့အရည္အေသြးနဲ႔ တန္ဖိုးေပးအပ္တဲ့ Xiaomi ရဲ႕ ဂုဏ္ကို ဆက္လက္ထိန္းသိမ္းထားေၾကာင္း” ေျပာဆိုခဲ့ပါတယ္။ တစ္ဆက္တည္းမွာပဲ ကုမၸဏီဟာ Redmi K20 ကို မိတ္ဆက္ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနေၾကာင္းလည္း သတင္းစကား ပါးခဲ့ပါေသးတယ္။

Redmi Note 7 Series မွာ Redmi Note 7, Redmi Note 7S နဲ႔ Redmi Note 7 Pro ဆိုၿပီး အမ်ိဳးအစား သုံးမ်ိဳးပါဝင္တာ ျဖစ္ပါတယ္။ Redmi Note 7 နဲ႔ Redmi Note 7S တို႔ကေတာ့ ႀကီးမားတဲ့ကြာျခားမႈမ်ိဳးမရွိဘဲ ေဈးကြက္ကြာျခားမႈအရ သိုေလွာင္မႈပမာဏ မတူညီတာမ်ိဳးေလာက္ပဲ ရွိပါတယ္။ Redmi Note 7 Pro ကေတာ့ အရည္အေသြး အျမင့္ဆုံးအမ်ိဳးအစားျဖစ္ၿပီး စြမ္းေဆာင္ရည္ပိုေကာင္းတဲ့ Chipset, Sony IMX586 sensor နဲ႔ 48MP ကင္မရာ စတာေတြပါဝင္ပါတယ္။

Ref: GSMArena

[Unicode]

တစ်ကမ္ဘာလုံးအတိုင်းအတာအရ Redmi Note 7 ကို အလုံးရေ ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့ကြောင်းသိရ

Redmi ဟာ Flagship Killer လို့ ကြွားလုံးထုတ်ထားတဲ့ Redmi K20 ကို မိတ်မဆက်ခင်မှာ သူတို့ရဲ့ Redmi Note 7 အောင်မြင်မှုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Xiaomi ရဲ့ Redmi Note 7 ဟာ ၄ လကျော်အတွင်း (၁၂၉ရက်) မှာ ကမ္ဘာတစ်ဝန်း အလုံးရေ ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာ တရုတ်အခြေစိုက် မဟာပြိုင်ဘက်ကုမ္ပဏီကြီး Huawei ကို စိတ်ဝင်စားမှုလျော့ကျနေပြီး သူ့အစား Xiaomi ကို ပြောင်းလဲစိတ်ဝင်စားနေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ Huawei ရဲ့ အခက်တွေ့ချိန်မှာ Xiaomi က ဈေးကွက်ဝေစုအချို့ကို ရယူသွားဖို့ အချက်ကောင်းလည်း ဖြစ်နေချိန်လို့ ဆိုရမှာပါ။ ဒီလိုအလားအလာကောင်းနေချိန်မှာ xiaomi ရဲ့ ပူးတွဲတည်ထောင်သူ Lei Jun က Weibo မှာ Redmi Note 7 အောင်မြင်မှုကို ဝေမျှခဲ့ပါတယ်။

Xiaomi ရဲ့ စမတ်ဖုန်းတွေဟာ Price to performance (ပေးချေရတဲ့ ငွေကြေးနဲ့ညီမျှတဲ့ အရည်အသွေး) ကောင်းမွန်မှုကြောင့် နာမည်ကောင်းရခဲ့တာလည်း ဖြစ်ပါတယ်။ အလားတူပဲ Jun က “ဝယ်ယူသူရဲ့ ငွေကြေးအတွက် မြင့်မားတဲ့အရည်အသွေးနဲ့ တန်ဖိုးပေးအပ်တဲ့ Xiaomi ရဲ့ ဂုဏ်ကို ဆက်လက်ထိန်းသိမ်းထားကြောင်း” ပြောဆိုခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကုမ္ပဏီဟာ Redmi K20 ကို မိတ်ဆက်ရောင်းချဖို့ အဆင်သင့်ဖြစ်နေကြောင်းလည်း သတင်းစကား ပါးခဲ့ပါသေးတယ်။

Redmi Note 7 Series မှာ Redmi Note 7, Redmi Note 7S နဲ့ Redmi Note 7 Pro ဆိုပြီး အမျိုးအစား သုံးမျိုးပါဝင်တာ ဖြစ်ပါတယ်။ Redmi Note 7 နဲ့ Redmi Note 7S တို့ကတော့ ကြီးမားတဲ့ကွာခြားမှုမျိုးမရှိဘဲ ဈေးကွက်ကွာခြားမှုအရ သိုလှောင်မှုပမာဏ မတူညီတာမျိုးလောက်ပဲ ရှိပါတယ်။ Redmi Note 7 Pro ကတော့ အရည်အသွေး အမြင့်ဆုံးအမျိုးအစားဖြစ်ပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ Chipset, Sony IMX586 sensor နဲ့ 48MP ကင်မရာ စတာတွေပါဝင်ပါတယ်။

Ref: GSMArena