Zawgyi

Redmi 7 စီးရီးရဲ႕ တန္ဖိုးအနည္းဆံုး ဖုန္းျဖစ္တဲ့ Redmi 7A ရဲ႕ အခ်က္အလက္ေတြကေတာ့ အသစ္ထြက္တဲ့ တရုတ္ဖုန္းေတြကို စံနွုန္းသတ္မွတ္ေပးတဲ့ ဝဘ္ဆိုဒ္ TENAA ေပၚမွာ ထြက္ေပၚလို႔လာပါျပီ။ ေမာ္ဒယ္နံပါတ္ MW1903C3EC နဲ႔ M1903C3EE အသီးသီးရွိတဲ့ Redmi 7A ဖုန္းနွစ္လံုးရဲ႕ အခ်က္အလက္ေတြကို ေတြ႔ျမင္ရပါတယ္။ မ်က္နွာျပင္ အရြယ္အစားနဲ႔ Resolution ပိုင္းမွာ အရင္ Redmi 6A နဲ႔ အေတာ္ေလးတူေနတာ ေတြ႕ရပါတယ္။ 5.4-inch ရွိတဲ့ မ်က္နွာျပင္ကို တပ္ဆင္ေပးထားျပီး 720 x 1440 ရုပ္ထြက္ရွိတဲ့ IPS LCD အမ်ိဳးအစားျဖစ္ပါတယ္။ တစ္ျခား Redmi 7 ဖုန္းေတြလို Notch ပါဝင္ျခင္းမရွိပါဘူး။ အရင္ Redmi Note 5 Series လိုမ်ိဳး အေပၚေအာက္ ေဘာင္ေတြကို ေတြ႕ရပါတယ္။ ဖုန္းရဲ႕ အေပၚဘက္ထိပ္မွာ 5MP Selfie ကင္မရာ တပ္ဆင္ေပးထားျပီး Earpiece စပီကာရဲ႕ ညာဘက္ေဘးမွာေတာ့ Proximity Sensor ေလးကို တပ္ဆင္ေပးထားပါတယ္။
ေနာက္ေက်ာဘက္ ကင္မရာစနစ္ပိုင္းမွာေတာ့ 13MP ရွိတဲ့ ကင္မရာ တစ္လံုးကိုပဲ ေတြ႕ရျပီး တစ္ျခား Redmi 7 Series ဖုန္းေတြလို Dual Cameras Set up ကို မေတြ႔ရပါဘူး။ ဒါေပမယ့္လည္း Redmi 6A မွာလည္း Single Camera ပဲ ပါတာမို႔ ဒါဟာ ထူးဆန္းတဲ့ အခ်က္ေတာ့ မဟုတ္ဘူး။ ဖုန္းကိုယ္ထည္ကို ပိုလီကာဗြန္နိတ္ လို႔ေခၚတဲ့ ပလတ္စတစ္ တစ္မ်ိဴးနဲ႔ ျပဳလုပ္ထားပါတယ္။ ဘက္ထရီပိုင္းမွာေတာ့ 4,000mAh ရွိတဲ့ ဘက္ထရီကို တပ္ဆင္ေပးထားပါတယ္။

ဖုန္းတစ္လံုးရဲ႕ အေရးအၾကီးဆံုး အစိတ္အပိုင္းျဖစ္တဲ့ SoC ပိုင္းမွာေတာ့ Snapdragon 439 ကို အသံုးျပဳထားပါတယ္။ အခ်က္အလက္ေတြ မထြက္ခင္ကေတာ့ Redmi 7A မွာ Snapdragon 435 တပ္ဆင္ေပးထားမယ္လို႔ ထင္ခဲ့ၾကတာပါ။ တစ္ကယ္လို႔ Snapdragon 435 သာ တပ္ဆင္ေပးခဲ့ရင္ Redmi 6A မွာ သံုးထားတဲ့ 12nm တည္ေဆာက္ပံုစနစ္နဲ႔ ျပဳလုပ္ထားတဲ့ Helio A22 ထက္ တစ္ဆင့္နိမ့္ေနမွာပါ။ အခုေတာ့ TENAA အခ်က္အလက္ေတြအရ Redmi 7A မွာ Snapdragon 439 ကို တပ္ဆင္ေပးထားမွာလို႔ အတည္ျပဳလို႔ရပါျပီ။

RAM ပမာဏ 2GB ကစလို႔ 4GB ထိ အမ်ိဳးမ်ိဳး တပ္ဆင္ေပးထားျပီး Storage 16GB ကစလို႔ 64GB ထိ သက္ဆိုင္ရာ RAM ပမာဏ အနည္းအမ်ားအလိုက္ ထည့္သြင္းေပးထားပါတယ္။ ကိုယ္နဲ႔ သင့္ေတာ္မယ့္ RAM/Storage ပမာဏကို ေရြးခ်ယ္နိုင္မွာပါ။ Micro SD အေထာက္အပံ့လည္း ပါဝင္တာမို႔ 256GB ထိ Storage ကိုထပ္မံ တိုးခ်ဲ႕နိုင္ပါတယ္။ Redmi Note 7A မွာ Android Pie အေျခခံ MIUI 10 ကို တစ္ခါတည္း ထည့္သြင္းေပးထားမွာပါ။ TENAA အရေတာ့ Redmi 7A ကို အနက္၊ အနီ၊ အျပာ၊ ပန္းေရာင္၊ အျဖဴ၊ အစိမ္း၊ ခရမ္း နဲ႔ မီးခိုးဆိုျပီး အေရာင္စံုလင္စြာနဲ႔ ဝယ္လို႔ရမွာပါ။ ဖုန္းအထူကေတာ့ 9.55mm ရွိတာေၾကာင့္ ဖုန္းကို ပါးပါးေလးမွ ၾကိဳက္တဲ့သူေတြ အတြက္ကေတာ့ အဆင္မေျပလွပါဘူး။ ေစ်းနွုန္းကေတာ့ ေသခ်ာမသိရေသးပဲ Redmi 6A နဲ႔ မတိမ္းမယိမ္း ရွိနိုင္တယ္လို႔ ခန္႔မွန္းရပါတယ္။ ေရာင္းခ်မယ့္ အခ်ိန္လည္း ေသခ်ာမသိရေသးပါဘူး။ ဖုန္းတစ္လံုးကို ဖုန္းေျပာ၊ Facebook သံုး၊ သီခ်င္းနားေထာင္ရံုေလာက္သာ သံုးမယ့္ Budget သမားေတြအတြက္ကေတာ့ Redmi 7A က အေတာ္ေလး အဆင္ေျပမွာပါ။

Ref: Gizmo China

Unicode

Redmi 7A ရဲ့ အချက်အလက်များ TENAA မှာ ထွက်ပေါ်လာ

Redmi 7 စီးရီးရဲ့ တန်ဖိုးအနည်းဆုံး ဖုန်းဖြစ်တဲ့ Redmi 7A ရဲ့ အချက်အလက်တွေကတော့ အသစ်ထွက်တဲ့ တရုတ်ဖုန်းတွေကို စံနှုန်းသတ်မှတ်ပေးတဲ့ ဝဘ်ဆိုဒ် TENAA ပေါ်မှာ ထွက်ပေါ်လို့လာပါပြီ။ မော်ဒယ်နံပါတ် MW1903C3EC နဲ့ M1903C3EE အသီးသီးရှိတဲ့ Redmi 7A ဖုန်းနှစ်လုံးရဲ့ အချက်အလက်တွေကို တွေ့မြင်ရပါတယ်။ မျက်နှာပြင် အရွယ်အစားနဲ့ Resolution ပိုင်းမှာ အရင် Redmi 6A နဲ့ အတော်လေးတူနေတာ တွေ့ရပါတယ်။ 5.4-inch ရှိတဲ့ မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး 720 x 1440 ရုပ်ထွက်ရှိတဲ့ IPS LCD အမျိုးအစားဖြစ်ပါတယ်။ တစ်ခြား Redmi 7 ဖုန်းတွေလို Notch ပါဝင်ခြင်းမရှိပါဘူး။ အရင် Redmi Note 5 Series လိုမျိုး အပေါ်အောက် ဘောင်တွေကို တွေ့ရပါတယ်။ ဖုန်းရဲ့ အပေါ်ဘက်ထိပ်မှာ 5MP Selfie ကင်မရာ တပ်ဆင်ပေးထားပြီး Earpiece စပီကာရဲ့ ညာဘက်ဘေးမှာတော့ Proximity Sensor လေးကို တပ်ဆင်ပေးထားပါတယ်။

နောက်ကျောဘက် ကင်မရာစနစ်ပိုင်းမှာတော့ 13MP ရှိတဲ့ ကင်မရာ တစ်လုံးကိုပဲ တွေ့ရပြီး တစ်ခြား Redmi 7 Series ဖုန်းတွေလို Dual Cameras Set up ကို မတွေ့ရပါဘူး။ ဒါပေမယ့်လည်း Redmi 6A မှာလည်း Single Camera ပဲ ပါတာမို့ ဒါဟာ ထူးဆန်းတဲ့ အချက်တော့ မဟုတ်ဘူး။ ဖုန်းကိုယ်ထည်ကို ပိုလီကာဗွန်နိတ် လို့ခေါ်တဲ့ ပလတ်စတစ် တစ်မျိူးနဲ့ ပြုလုပ်ထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ 4,000mAh ရှိတဲ့ ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။

ဖုန်းတစ်လုံးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ SoC ပိုင်းမှာတော့ Snapdragon 439 ကို အသုံးပြုထားပါတယ်။ အချက်အလက်တွေ မထွက်ခင်ကတော့ Redmi 7A မှာ Snapdragon 435 တပ်ဆင်ပေးထားမယ်လို့ ထင်ခဲ့ကြတာပါ။ တစ်ကယ်လို့ Snapdragon 435 သာ တပ်ဆင်ပေးခဲ့ရင် Redmi 6A မှာ သုံးထားတဲ့ 12nm တည်ဆောက်ပုံစနစ်နဲ့ ပြုလုပ်ထားတဲ့ Helio A22 ထက် တစ်ဆင့်နိမ့်နေမှာပါ။ အခုတော့ TENAA အချက်အလက်တွေအရ Redmi 7A မှာ Snapdragon 439 ကို တပ်ဆင်ပေးထားမှာလို့ အတည်ပြုလို့ရပါပြီ။

RAM ပမာဏ 2GB ကစလို့ 4GB ထိ အမျိုးမျိုး တပ်ဆင်ပေးထားပြီး Storage 16GB ကစလို့ 64GB ထိ သက်ဆိုင်ရာ RAM ပမာဏ အနည်းအများအလိုက် ထည့်သွင်းပေးထားပါတယ်။ ကိုယ်နဲ့ သင့်တော်မယ့် RAM/Storage ပမာဏကို ရွေးချယ်နိုင်မှာပါ။ Micro SD အထောက်အပံ့လည်း ပါဝင်တာမို့ 256GB ထိ Storage ကိုထပ်မံ တိုးချဲ့နိုင်ပါတယ်။ Redmi Note 7A မှာ Android Pie အခြေခံ MIUI 10 ကို တစ်ခါတည်း ထည့်သွင်းပေးထားမှာပါ။ TENAA အရတော့ Redmi 7A ကို အနက်၊ အနီ၊ အပြာ၊ ပန်းရောင်၊ အဖြူ၊ အစိမ်း၊ ခရမ်း နဲ့ မီးခိုးဆိုပြီး အရောင်စုံလင်စွာနဲ့ ဝယ်လို့ရမှာပါ။ ဖုန်းအထူကတော့ 9.55mm ရှိတာကြောင့် ဖုန်းကို ပါးပါးလေးမှ ကြိုက်တဲ့သူတွေ အတွက်ကတော့ အဆင်မပြေလှပါဘူး။ ဈေးနှုန်းကတော့ သေချာမသိရသေးပဲ Redmi 6A နဲ့ မတိမ်းမယိမ်း ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ရောင်းချမယ့် အချိန်လည်း သေချာမသိရသေးပါဘူး။ ဖုန်းတစ်လုံးကို ဖုန်းပြော၊ Facebook သုံး၊ သီချင်းနားထောင်ရုံလောက်သာ သုံးမယ့် Budget သမားတွေအတွက်ကတော့ Redmi 7A က အတော်လေး အဆင်ပြေမှာပါ။

Ref: Gizmo China