[Zawgyi]

Redmi စီးရီးကေန Redmi အမွတ္တံဆိပ္အျဖစ္ ေျပာင္းလဲျခင္း အထိမ္းအမွတ္နဲ႔အတူ ပထမဦးဆုံး ပြဲထြက္လာသူကေတာ့ Redmi Note 7 ပဲ ျဖစ္ပါတယ္။ Redmi Note 7 ကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၀ရက္ေန႔တုန္းက တ႐ုတ္ႏိုင္ငံမွာ စတင္မိတ္ဆက္ခဲ့တာျဖစ္ၿပီး 48MP Camera အသုံးျပဳ စမတ္ဖုန္းဆိုတဲ့ ေခါင္းစဥ္နဲ႔အတူ ပြဲထြက္လာခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာ စမတ္ဖုန္းေတြအတြက္ 48MP Camera Sensor ေတြကို ထုတ္လုပ္ေပးေနတဲ့ သူက Samsung နဲ႔ Sony ကုမၸဏီ ၂ပဲ ရွိပါေသးတယ္။ လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းက မိတ္ဆက္သြားတဲ့ Huawei Nova 4 နဲ႔ Honor V20 တို႔မွာ Sony IMX586 Sensor ေတြကို အသုံးျပဳခဲ့ေပမယ့္ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္လိုက္တဲ့ Redmi Note 7 မွာေတာ့ Samsung ISOCELL GM1 Sensor ကိုပဲ အသုံးျပဳထားတာ ျဖစ္ပါတယ္။

Xiaomi အေနနဲ႔ ကမာၻအႏွံ႔အျပားကို ျဖန္႔ခ်ီေရာင္းခ်သြားမယ့္ Redmi Note 7 Pro မွာ Sony IMX586 Sensor ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။ တကယ္ေတာ့ Xiaomi က တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္သြားတဲ့ Redmi Note 7 မွာလည္း Sony IMX586 Sensor ေတြကို အသုံးျပဳဖို႔ စီစဥ္ခဲ့ေပမယ့္ Sensor ေထာက္ပံ့မႈအပိုင္းမွာ ျပႆနာ အနည္းငယ္ရွိခဲ့တာေၾကာင့္ Samsung ရဲ႕ ISOCELL GM1 Sensor ေတြကို ေျပာင္းလဲ အသုံးျပဳလိုက္ရတာ ျဖစ္ပါတယ္။ Xiaomi ကေတာ့ Redmi Note 7 Pro ဟာ ကင္မရာစြမ္းရည္ေဆာင္ရည္ကို အသားေပးခ်င္သူမ်ားအတြက္ ရည္႐ြယ္ထုတ္လုပ္ထားတာျဖစ္ၿပီး လာမယ့္ေႏြရာသီမွာ မိတ္ဆက္သြားမယ္လို႔ ေျပာၾကားထားပါတယ္။

Xiaomi ရဲ႕ ေျပာၾကားခ်က္ေတြကို ျပန္လည္ သုံးသပ္ရမယ္ဆိုရင္ Samsung ရဲ႕ 48MP Camera Sensor ေတြက Sony ရဲ႕ 48MP Camera Sensor ေတြေလာက္ မေကာင္းဘူးဆိုတာ ေပၚလြင္ေစပါတယ္။ ဒါ့အျပင္ ေစ်းႏႈန္းအပိုင္းမွာလည္း Sony IMX586 Sensor ေတြက Samsung ISOCELL GM1 Sensor ေတြထက္ ေစ်းပိုႀကီးႏိုင္ပါတယ္။ ဘယ္သူ႔ Camera Sensor က ပိုေကာင္းလဲဆိုတာ ရွင္းရွင္းလင္းလင္း သိခ်င္တယ္ဆိုရင္ေတာ့ တကယ့္လက္ေတြ႕ ဘဝမွာ ထြက္ေပၚလာတဲ့ ဓာတ္ပုံအရည္အေသြးေတြကို ေစာင့္ေမွ်ာ္ ရွဴ႕စားရမွာ ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

Sony ရဲ့ 48MP Camera အသုံးပြု Redmi Note 7 Pro ကို မကြာခင် မိတ်ဆက်သွားမယ့် Xiaomi

Redmi စီးရီးကနေ Redmi အမှတ်တံဆိပ်အဖြစ် ပြောင်းလဲခြင်း အထိမ်းအမှတ်နဲ့အတူ ပထမဦးဆုံး ပွဲထွက်လာသူကတော့ Redmi Note 7 ပဲ ဖြစ်ပါတယ်။ Redmi Note 7 ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ရက်နေ့တုန်းက တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး 48MP Camera အသုံးပြု စမတ်ဖုန်းဆိုတဲ့ ခေါင်းစဥ်နဲ့အတူ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စမတ်ဖုန်းတွေအတွက် 48MP Camera Sensor တွေကို ထုတ်လုပ်ပေးနေတဲ့ သူက Samsung နဲ့ Sony ကုမ္ပဏီ ၂ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက မိတ်ဆက်သွားတဲ့ Huawei Nova 4 နဲ့ Honor V20 တို့မှာ Sony IMX586 Sensor တွေကို အသုံးပြုခဲ့ပေမယ့် တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ Redmi Note 7 မှာတော့ Samsung ISOCELL GM1 Sensor ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။

Xiaomi အနေနဲ့ ကမ္ဘာအနှံ့အပြားကို ဖြန့်ချီရောင်းချသွားမယ့် Redmi Note 7 Pro မှာ Sony IMX586 Sensor ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ တကယ်တော့ Xiaomi က တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတဲ့ Redmi Note 7 မှာလည်း Sony IMX586 Sensor တွေကို အသုံးပြုဖို့ စီစဥ်ခဲ့ပေမယ့် Sensor ထောက်ပံ့မှုအပိုင်းမှာ ပြဿနာ အနည်းငယ်ရှိခဲ့တာကြောင့် Samsung ရဲ့ ISOCELL GM1 Sensor တွေကို ပြောင်းလဲ အသုံးပြုလိုက်ရတာ ဖြစ်ပါတယ်။ Xiaomi ကတော့ Redmi Note 7 Pro ဟာ ကင်မရာစွမ်းရည်ဆောင်ရည်ကို အသားပေးချင်သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး လာမယ့်နွေရာသီမှာ မိတ်ဆက်သွားမယ်လို့ ပြောကြားထားပါတယ်။

Xiaomi ရဲ့ ပြောကြားချက်တွေကို ပြန်လည် သုံးသပ်ရမယ်ဆိုရင် Samsung ရဲ့ 48MP Camera Sensor တွေက Sony ရဲ့ 48MP Camera Sensor တွေလောက် မကောင်းဘူးဆိုတာ ပေါ်လွင်စေပါတယ်။ ဒါ့အပြင် စျေးနှုန်းအပိုင်းမှာလည်း Sony IMX586 Sensor တွေက Samsung ISOCELL GM1 Sensor တွေထက် စျေးပိုကြီးနိုင်ပါတယ်။ ဘယ်သူ့ Camera Sensor က ပိုကောင်းလဲဆိုတာ ရှင်းရှင်းလင်းလင်း သိချင်တယ်ဆိုရင်တော့ တကယ့်လက်တွေ့ ဘဝမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံအရည်အသွေးတွေကို စောင့်မျှော် ရှူ့စားရမှာ ဖြစ်ပါတယ်။

Ref : Gizmochina