Zawgyi

တရုတ္အေျခစုိက္ Xiaomi ကုမၸဏီရဲ႕ အမွတ္တံဆိပ္ခြဲ Redmi တံဆိပ္ေအာက္မွ Note 7 နဲ႔ Note 7 Pro တုိ႔ကို မိတ္ဆက္ခဲ့ၿပီးေပမယ့္ လပ္ကီးနံပါတ္ဟာ ရပ္တန္႔မသြားေသးဘဲ ေနာက္ထပ္ မိသားစုဝင္အသစ္ျဖစ္တဲ့ Redmi Note 7S ကို ထပ္မံမိတ္ဆက္လိုက္ပါတယ္။

Redmi Note 7S အတြက္ အဓိကဆြဲေဆာင္မႈကေတာ့ ခ်ဳိသာတဲ့ေစ်းႏႈန္းနဲ႔ 48MP ကင္မရာကို လူတုိင္းအသုံးျပဳႏုိင္မယ့္ အခ်က္ပါပဲ။ သူ႕ရဲ႕ေဆာင္ပုဒ္ကိုက “အားလုံးအတြက္ 48MP” လို႔ ေပးလာတဲ့အတြက္ သိသာထင္ရွားပါတယ္။ Redmi Note 7 စီးရီးဟာ အိႏၵိယေစ်းကြက္မွာ အလြန္အေျခအေနေကာင္းေနၿပီး ႏွစ္လအတြင္း ဟန္းဆက္ႏွစ္သန္းေရာင္းခ်ခဲ့ရတာေၾကာင့္ ကုမၸဏီဟာ အခုလို ဗားရွင္းအသစ္ေတြ ထပ္ထပ္ၿပီး ထုတ္လုပ္လာတာလဲ ျဖစ္ႏုိင္ပါတယ္။

Note 7S မွာ 6.3” လက္မအရြယ္ FHD+ Display ပါဝင္ၿပီး Water-drop Notch ေလးထဲမွာ 13MP Selfie ကင္မရာပါဝင္ပါတယ္။ ဒီဟန္းဆက္ဟာ ေရွ႕နဲ႔ေနာက္မွာ Gorilla Glass 5 ကိုအသုံးျပဳလာၿပီး ေဘးကိုေတာ့ အလူမီနီယမ္သတၳဳ အသုံးျပဳထားပါတယ္။ အတြင္းမွာ Qualcomm Snapdragon 660 ခ်စ္ပ္ဆက္ကို အသုံးျပဳလာၿပီး မန္မုိရီကေတာ့ 3 / 4 GB RAM နဲ႔ 32 / 64 GB Storage ဆုိၿပီး ေရြးခ်ယ္ႏုိင္မွာပါ။

အဓိကဆြဲေဆာင္ခ်က္ျဖစ္တဲ့ အေနာက္ဘက္က 48MP f/1.8 ကင္မရာဟာ 5MP Depth Sensor နဲ႔ တြဲဖက္ထားပါတယ္။ ဘကၳရီကေတာ့ 4,000 mAh ျဖစ္ၿပီး Quick Charge 4.0 အားသြင္းစနစ္က 18W အထိ ေထာက္ပံ့ေပမယ့္ မူရင္းပါလာတဲ့ အားသြင္းႀကိဳးကေတာ့ 10W ပဲျဖစ္တာေၾကာင့္ 18W အသုံးျပဳခ်င္ရင္ ထပ္ဝယ္ရမွာပါ။

Android 9.0 အေျခခံထားတဲ့ ေနာက္ဆုံးေပၚ MIUI 10 ကုိအသုံးျပဳလာတဲ့ Redmi Note 7S ဟာ Onyx Black, Sapphire Blue နဲ႔ Ruby Red ဆုိၿပီး သုံးေရာင္ထြက္လာပါတယ္။ ေမလ ၂၃ ရက္ေန႔မွာ အိႏၵိယ အြန္လိုင္းစတုိးေတြကေန စေရာင္းမယ့္ဖုန္းဟာ 3 / 32GB ေမာ္ဒယ္ကို ရူပီး ၁၀,၉၉၉ (ျမန္မာေငြ ႏွစ္သိန္းေလးေသာင္း) နဲ႔ 4 / 64 GB ဗားရွင္းကိုေတာ့ ရူပီး ၁၂,၉၉၉ (ျမန္မာေငြ ႏွစ္သိန္းရွစ္ေသာင္းေက်ာ္) သတ္မွတ္ထားပါတယ္။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက် Xiaomi ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ခွဲ Redmi တံဆိပ်အောက်မှ Note 7 နဲ့ Note 7 Pro တို့ကို မိတ်ဆက်ခဲ့ပြီးပေမယ့် လပ်ကီးနံပါတ်ဟာ ရပ်တန့်မသွားသေးဘဲ နောက်ထပ် မိသားစုဝင်အသစ်ဖြစ်တဲ့ Redmi Note 7S ကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

Redmi Note 7S အတွက် အဓိကဆွဲဆောင်မှုကတော့ ချိုသာတဲ့ဈေးနှုန်းနဲ့ 48MP ကင်မရာကို လူတိုင်းအသုံးပြုနိုင်မယ့် အချက်ပါပဲ။ သူ့ရဲ့ဆောင်ပုဒ်ကိုက “အားလုံးအတွက် 48MP” လို့ ပေးလာတဲ့အတွက် သိသာထင်ရှားပါတယ်။ Redmi Note 7 စီးရီးဟာ အိန္ဒိယဈေးကွက်မှာ အလွန်အခြေအနေကောင်းနေပြီး နှစ်လအတွင်း ဟန်းဆက်နှစ်သန်းရောင်းချခဲ့ရတာကြောင့် ကုမ္ပဏီဟာ အခုလို ဗားရှင်းအသစ်တွေ ထပ်ထပ်ပြီး ထုတ်လုပ်လာတာလဲ ဖြစ်နိုင်ပါတယ်။

Note 7S မှာ 6.3” လက်မအရွယ် FHD+ Display ပါဝင်ပြီး Water-drop Notch လေးထဲမှာ 13MP Selfie ကင်မရာပါဝင်ပါတယ်။ ဒီဟန်းဆက်ဟာ ရှေ့နဲ့နောက်မှာ Gorilla Glass 5 ကိုအသုံးပြုလာပြီး ဘေးကိုတော့ အလူမီနီယမ်သတ္ထု အသုံးပြုထားပါတယ်။ အတွင်းမှာ Qualcomm Snapdragon 660 ချစ်ပ်ဆက်ကို အသုံးပြုလာပြီး မန်မိုရီကတော့ 3 / 4 GB RAM နဲ့ 32 / 64 GB Storage ဆိုပြီး ရွေးချယ်နိုင်မှာပါ။

အဓိကဆွဲဆောင်ချက်ဖြစ်တဲ့ အနောက်ဘက်က 48MP f/1.8 ကင်မရာဟာ 5MP Depth Sensor နဲ့ တွဲဖက်ထားပါတယ်။ ဘက္ထရီကတော့ 4,000 mAh ဖြစ်ပြီး Quick Charge 4.0 အားသွင်းစနစ်က 18W အထိ ထောက်ပံ့ပေမယ့် မူရင်းပါလာတဲ့ အားသွင်းကြိုးကတော့ 10W ပဲဖြစ်တာကြောင့် 18W အသုံးပြုချင်ရင် ထပ်ဝယ်ရမှာပါ။

Android 9.0 အခြေခံထားတဲ့ နောက်ဆုံးပေါ် MIUI 10 ကိုအသုံးပြုလာတဲ့ Redmi Note 7S ဟာ Onyx Black, Sapphire Blue နဲ့ Ruby Red ဆိုပြီး သုံးရောင်ထွက်လာပါတယ်။ မေလ ၂၃ ရက်နေ့မှာ အိန္ဒိယ အွန်လိုင်းစတိုးတွေကနေ စရောင်းမယ့်ဖုန်းဟာ 3 / 32GB မော်ဒယ်ကို ရူပီး ၁၀,၉၉၉ (မြန်မာငွေ နှစ်သိန်းလေးသောင်း) နဲ့ 4 / 64 GB ဗားရှင်းကိုတော့ ရူပီး ၁၂,၉၉၉ (မြန်မာငွေ နှစ်သိန်းရှစ်သောင်းကျော်) သတ်မှတ်ထားပါတယ်။

Ref – GSM Arena