[Unicode]

အိန္ဒိယမှာ Redmi Note 8 Series တွေ ဖြစ်တဲ့ Redmi Note 8 , Redmi Note 8 Pro နဲ့ Redmi 8 စမတ်ဖုန်းတွေကို အကန့်အသတ် မရှိ ရောင်းပေးလိုက်ပါပြီ။ ဝယ်လိုအား အရမ်းများတဲ့အတွက် အရင်က Flash Sale အနေနဲ့ပဲ ရောင်းပေးခဲ့တာပါ။ အခုတော့ Flipkart , Amazon , Mi.com နဲ့ တခြား မြေပြင် အရောင်းဆိုင်တွေကနေ အချိန်မရွေး ဝယ်ယူနိုင်ပါပြီ။

Redmi Note 8 Pro ဟာ 64MP ကင်မရာနဲ့ Helio G90T Chipset ပါတဲ့ အစောဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။ အရွယ်ကြီး 4,500mAh ဘက်ထရီပါပြီး အိန္ဒိယက မော်ဒယ်အတွက် microSD Card Slot ထည့်ထားပါတယ်။ 18W Charger ပါလာပြီး လျှင်မြန်စွာ အားသွင်း နည်းပညာပါတာက မိုက်ပါတယ်။ တန်ဖိုးအနည်းဆုံး ဖြစ်တဲ့ 6/64GB မော်ဒယ်ကို ၁၄,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်းလောက်ရှိပါတယ်။

Redmi Note 8 မှာလည်း 18W Fast Charging ပါပေမယ့် ဘူးထဲမှာ 10W Charger ပဲ ထည့်ထားပါတယ်။ Snapdragon 665 Chipset မောင်းနှင်ထားပြီး 6GB RAM အထိ ထည့်ပေးထားပါတယ်။ 128GB Storage ပါလာပြီး တန်ဖိုးအနည်းဆုံး 4/64GB မော်ဒယ်ကို ၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်းလောက်ပဲရှိပါတယ်။

Redmi 8 ကတော့ ဈေးအရမ်းချိုတဲ့ ဖုန်းဖြစ်ပြီး ၇,၉၉၉ ရူပီးပဲ ရှိပါတယ်။ မြန်မာငွေ ၁ သိန်းခွဲလောက်ပဲရှိပြီး Snapdragon 438 Chipset နဲ့ အနောက်ကင်မရာ ၂ လုံး ပါပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး 18W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီက အလန်းစားပါ။

Ref : gsmarena

[Zawgyi]

အိႏၵိယမွာ Redmi Note 8 Series ေတြကို အကန္႔အသတ္ မရွိ ေရာင္းေပးလိုက္ၿပီ

အိႏၵိယမွာ Redmi Note 8 Series ေတြ ျဖစ္တဲ့ Redmi Note 8 , Redmi Note 8 Pro နဲ႔ Redmi 8 စမတ္ဖုန္းေတြကို အကန္႔အသတ္ မရွိ ေရာင္းေပးလိုက္ပါၿပီ။ ၀ယ္လိုအား အရမ္းမ်ားတဲ့အတြက္ အရင္က Flash Sale အေနနဲ႔ပဲ ေရာင္းေပးခဲ့တာပါ။ အခုေတာ့ Flipkart , Amazon , Mi.com နဲ႔ တျခား ေျမျပင္ အေရာင္းဆိုင္ေတြကေန အခ်ိန္မေရြး ၀ယ္ယူႏိုင္ပါၿပီ။

Redmi Note 8 Pro ဟာ 64MP ကင္မရာနဲ႔ Helio G90T Chipset ပါတဲ့ အေစာဆံုး ဖုန္းေတြထဲက ၁ လံုး ျဖစ္ပါတယ္။ အရြယ္ႀကီး 4,500mAh ဘက္ထရီပါၿပီး အိႏၵိယက ေမာ္ဒယ္အတြက္ microSD Card Slot ထည့္ထားပါတယ္။ 18W Charger ပါလာၿပီး လွ်င္ျမန္စြာ အားသြင္း နည္းပညာပါတာက မိုက္ပါတယ္။ တန္ဖိုးအနည္းဆံုး ျဖစ္တဲ့ 6/64GB ေမာ္ဒယ္ကို ၁၄,၉၉၉ ရူပီး သတ္မွတ္ထားၿပီး ျမန္မာေငြ ၃ သိန္းေလာက္ရွိပါတယ္။

Redmi Note 8 မွာလည္း 18W Fast Charging ပါေပမယ့္ ဘူးထဲမွာ 10W Charger ပဲ ထည့္ထားပါတယ္။ Snapdragon 665 Chipset ေမာင္းႏွင္ထားၿပီး 6GB RAM အထိ ထည့္ေပးထားပါတယ္။ 128GB Storage ပါလာၿပီး တန္ဖိုးအနည္းဆံုး 4/64GB ေမာ္ဒယ္ကို ၉,၉၉၉ ရူပီး သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၂ သိန္းေလာက္ပဲရွိပါတယ္။

Redmi 8 ကေတာ့ ေစ်းအရမ္းခ်ိဳတဲ့ ဖုန္းျဖစ္ၿပီး ၇,၉၉၉ ရူပီးပဲ ရွိပါတယ္။ ျမန္မာေငြ ၁ သိန္းခြဲေလာက္ပဲရွိၿပီး Snapdragon 438 Chipset နဲ႔ အေနာက္ကင္မရာ ၂ လံုး ပါပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာ တပ္ဆင္ထားၿပီး 18W Fast Charging ပါတဲ့ 5,000mAh ဘက္ထရီက အလန္းစားပါ။

Ref : gsmarena