Unicode

Xiaomi ရဲ့ Redmi Note Series စမတ်ဖုန်းတွေဟာ ထွက်ရှိတိုင်းမှာ ရောင်းအားအကောင်းဆုံးဖုန်းတွေလို့တောင်ပြောနိုင်ပါတယ်။ အခုလည်း Redmi ကနေ နောက်ဆုံးမိတ်ဆက်ထားခဲ့တဲ့ Note 8 Series ဖုန်းတွေရဲ့ Global Sale ဟာ ၃ လအတွင်းမှာ အလုံးရေ ၁၀ သန်းကျော်ရောင်းချရပြီးပြီလို့ ကြေညာလိုက်ပါတယ်။

ဒီပမာဏဟာ ပြန်တွက်ကြည့်မယ်ဆိုရင် တစ်နေ့ကို Redmi Note 8 Series အလုံးရေ ၁ သိန်း ၁ သောင်းလောက်ကို ပျှမ်းမျှရောင်းချနေရတာဖြစ်ပြီး အစောပိုင်းက ထွက်ရှိခဲ့တဲ့ Redmi Note 7 ထက်လည်း အလုံးရေ ၁၀ သန်းပြည့်ဖို့ ၁ လစောပြီး ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

Redmi Note 8 Pro ဟာ 6.53″ LCD Display နဲ့ MediaTek Helio G90T Processor ၊ 64MP Primary Sensor ပါဝင်တဲ့ Quad Camera Setup ပါဝင်ပြီး Redmi Note 8 ကတော့ 6.39″ LCD Display ကိုပဲ Snapdragon 665 Processor နဲ့ 48MP Quad Camera Setup ထည့်သွင်းထားတာပဲဖြစ်ပါတယ်။

အခုသတင်းအပြင် Xiaomi ကနေ Redmi K30 ဖုန်းနဲ့ ပတ်သတ်တဲ့ Teaser ပုံတစ်ခုကိုပါ ဖော်ပြခဲ့ပါသေးတယ်။

အဆိုပါ Redmi K30 စမတ်ဖုန်းဟာ Qualcomm Snapdragon 730G Processor ကိုအသုံးပြုထားမှာဖြစ်ပြီး 5G Version ကတော့ MediaTek Dimensity 1000 Processor ကို အသုံးပြုလာနိုင်ပါတယ်။ အခု K30 Series ဖုန်းတွေဟာ Pop-up Selfie Camera အစား 32MP Punch-hole Camera Setup ကိုသုံးလာမှာဖြစ်ပါတယ်။ Camera အနေနဲ့တော့ 60MP Sony IMX686 Sensor ပါဝင်တဲ့ Quad Camera Setup ပါဝင်မယ်လို့ ယူဆရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Battery အနေနဲ့ 5000mAh Battery နဲ့ 27W Fast Charging ကို Support လုပ်ဦးမှာပါ။

Ref – Gizmo China

Zawgyi

Xiaomi ရဲ႕ Redmi Note Series စမတ္ဖုန္းေတြဟာ ထြက္ရွိတိုင္းမွာ ေရာင္းအားအေကာင္းဆုံးဖုန္းေတြလို႔ေတာင္ေျပာႏိုင္ပါတယ္။ အခုလည္း Redmi ကေန ေနာက္ဆုံးမိတ္ဆက္ထားခဲ့တဲ့ Note 8 Series ဖုန္းေတြရဲ႕ Global Sale ဟာ ၃ လအတြင္းမွာ အလုံးေရ ၁၀ သန္းေက်ာ္ေရာင္းခ်ရၿပီးၿပီလို႔ ေၾကညာလိုက္ပါတယ္။

ဒီပမာဏဟာ ျပန္တြက္ၾကည့္မယ္ဆိုရင္ တစ္ေန႔ကို Redmi Note 8 Series အလုံးေရ ၁ သိန္း ၁ ေသာင္းေလာက္ကို ပွ်မ္းမွ်ေရာင္းခ်ေနရတာျဖစ္ၿပီး အေစာပိုင္းက ထြက္ရွိခဲ့တဲ့ Redmi Note 7 ထက္လည္း အလုံးေရ ၁၀ သန္းျပည့္ဖို႔ ၁ လေစာၿပီး ေရာင္းခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

Redmi Note 8 Pro ဟာ 6.53″ LCD Display နဲ႔ MediaTek Helio G90T Processor ၊ 64MP Primary Sensor ပါဝင္တဲ့ Quad Camera Setup ပါဝင္ၿပီး Redmi Note 8 ကေတာ့ 6.39″ LCD Display ကိုပဲ Snapdragon 665 Processor နဲ႔ 48MP Quad Camera Setup ထည့္သြင္းထားတာပဲျဖစ္ပါတယ္။

အခုသတင္းအျပင္ Xiaomi ကေန Redmi K30 ဖုန္းနဲ႔ ပတ္သတ္တဲ့ Teaser ပုံတစ္ခုကိုပါ ေဖာ္ျပခဲ့ပါေသးတယ္။

အဆိုပါ Redmi K30 စမတ္ဖုန္းဟာ Qualcomm Snapdragon 730G Processor ကိုအသုံးျပဳထားမွာျဖစ္ၿပီး 5G Version ကေတာ့ MediaTek Dimensity 1000 Processor ကို အသုံးျပဳလာႏိုင္ပါတယ္။ အခု K30 Series ဖုန္းေတြဟာ Pop-up Selfie Camera အစား 32MP Punch-hole Camera Setup ကိုသုံးလာမွာျဖစ္ပါတယ္။ Camera အေနနဲ႔ေတာ့ 60MP Sony IMX686 Sensor ပါဝင္တဲ့ Quad Camera Setup ပါဝင္မယ္လို႔ ယူဆရပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Battery အေနနဲ႔ 5000mAh Battery နဲ႔ 27W Fast Charging ကို Support လုပ္ဦးမွာပါ။

Ref – Gizmo China