[Zawgyi]

Xiaomi India ရဲ႕ စီအီးအို Manu Kumar Jain က Teaser ၁ ခုကို မေန႔က မွ်ေ၀ခဲ့ၿပီး လွ်ပ္စစ္စီးေၾကာင္းေတြ ပါတဲ့ ဖုန္း ၁ လံုး ျဖစ္ပါတယ္။ “ Electric and blue-tiful” စာသားကိုလည္း ေရးသားထားပါတယ္။ အခုေတာ့ Redmi Note 8 Pro အတြက္ Electric Blue အေရာင္ကို အိႏၵိယမွာ ေၾကညာလိုက္ၿပီး မနက္ျဖန္မွာ Mi.com နဲ႔ Amazon India တို႔ကေန ေရာင္းေပးမွာပါ။

မေန႔ကပဲ Redmi Note 8 အတြက္ Cosmic Purple အေရာင္ကို ခ်ျပခဲ့တာပါ။ Redmi Note 8 Pro ရဲ႕ Electric Blue အပါအ၀င္ အားလံုးေပါင္း အေရာင္ ၄ မ်ိဳး အိႏၵိယမွာ ေရာင္းေပးထားတာပါ။ အရင္က Shadow Black, Gamma Green နဲ႔ Halo White အေရာင္ေတြ ထုတ္လုပ္ေပးထားတာပါ။

Redmi Note 8 Pro မွာ ၆.၅၃ လက္မ 2340x1080p Display နဲ႔ အရြယ္ေသး Notch ပါပါတယ္။ Helio G90T SoC ေမာင္းႏွင္ထားၿပီး 6GB+64GB, 6GB+128GB နဲ႔ 8GB+128GB ေမာ္ဒယ္ ၃ ခု ေရြးခ်ယ္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးပါၿပီး 64MP Main , 8MP Ultrawide Angle , 2MP Macro နဲ႔ 2MP Depth Sensor ေတြ ျဖစ္ပါတယ္။ ဆဲလ္ဖီး ကင္မရာက 20MP ျဖစ္ပါတယ္။

အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားၿပီး NFC, Audio Jack , IR blaster, Bluetooth 5.0 နဲ႔ USB Type-C Port ေတြ ထည့္သြင္းထားပါတယ္။ 18W Fast Charging ပါတဲ့ 4,500mAh Battery ေထာက္ပံ့ထားပါတယ္။

Ref : gizmochina

[Unicode]

Redmi Note 8 Pro အတွက် Electric Blue အရောင် ထွက်ရှိ

Xiaomi India ရဲ့ စီအီးအို Manu Kumar Jain က Teaser ၁ ခုကို မနေ့က မျှဝေခဲ့ပြီး လျှပ်စစ်စီးကြောင်းတွေ ပါတဲ့ ဖုန်း ၁ လုံး ဖြစ်ပါတယ်။ “ Electric and blue-tiful” စာသားကိုလည်း ရေးသားထားပါတယ်။ အခုတော့ Redmi Note 8 Pro အတွက် Electric Blue အရောင်ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး မနက်ဖြန်မှာ Mi.com နဲ့ Amazon India တို့ကနေ ရောင်းပေးမှာပါ။

မနေ့ကပဲ Redmi Note 8 အတွက် Cosmic Purple အရောင်ကို ချပြခဲ့တာပါ။ Redmi Note 8 Pro ရဲ့ Electric Blue အပါအဝင် အားလုံးပေါင်း အရောင် ၄ မျိုး အိန္ဒိယမှာ ရောင်းပေးထားတာပါ။ အရင်က Shadow Black, Gamma Green နဲ့ Halo White အရောင်တွေ ထုတ်လုပ်ပေးထားတာပါ။

Redmi Note 8 Pro မှာ ၆.၅၃ လက်မ 2340x1080p Display နဲ့ အရွယ်သေး Notch ပါပါတယ်။ Helio G90T SoC မောင်းနှင်ထားပြီး 6GB+64GB, 6GB+128GB နဲ့ 8GB+128GB မော်ဒယ် ၃ ခု ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါပြီး 64MP Main , 8MP Ultrawide Angle , 2MP Macro နဲ့ 2MP Depth Sensor တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး NFC, Audio Jack , IR blaster, Bluetooth 5.0 နဲ့ USB Type-C Port တွေ ထည့်သွင်းထားပါတယ်။ 18W Fast Charging ပါတဲ့ 4,500mAh Battery ထောက်ပံ့ထားပါတယ်။

Ref : gizmochina