[Zawgyi]

Redmi Note 8 Pro ဟာ ဒီႏွစ္ထဲထြက္တဲ့ တန္ဖိုးသင့္ ဖုန္းေတြထဲမွာ လူစိတ္၀င္စားမႈ အမ်ားဆံုး ျဖစ္လာပါတယ္။ အခုေတာ့ စပိန္မွာ ေရာင္းခ်ေပးလိုက္ၿပီ ျဖစ္ၿပီး 6/64GB ကို ၂၄၉ ယူရိုနဲ႔ 6/128GB ကို ၂၆၉ ယူရို သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၄၁၀,၀၀၀ နဲ႔ ၄၄၀,၀၀၀ ေလာက္ ရွိပါတယ္။ တျခား ဥေရာပႏုိင္ငံေတြမွာ ေရာင္းမယ့္ ေစ်းကို မသိရေသးေပမယ့္ သိပ္ကြာမွာ မဟုတ္ပါဘူး။ စပိန္မွာ Redmi Note 8 Pro ကို ဒီလ ၂၆ ရက္ေန႔မွာ Mi.com , Mi Stores နဲ႔ AliExpress တို႔ကေန ေရာင္းေပးမွာပါ။

64MP Main Camera နဲ႔ ဂိမ္း အသားေပး MediaTek Helio G90T Chipset ေတြေၾကာင့္ Redmi Note 8 Pro ကို ေၾကညာစဥ္က နာမည္ႀကီးသြားခဲ့ပါတယ္။  အဲဒီ ဖုန္းရဲ႕ အလန္းစား Features ေတြက အဲဒါေတြတင္မကေသးပါဘူး။ 18W Fast Charging ပါတဲ့ အရြယ္ႀကီး 4,500mAh Battery ကလည္း အရမ္း မိုက္ပါတယ္။

Redmi Note 8 Pro ဟာ အလန္းစား ဖုန္း ၁ လံုးျဖစ္ၿပီး ကင္မရာကလည္း မိုက္ပါတယ္။ ၆.၅၃ လက္မ Full HD+ Display တပ္ဆင္ထားၿပီး ေဘးေဘာင္ေတြက ပါးလႊာပါတယ္။ Octa-core CPU ပါတဲ့ Helio G90T Chipset ေမာင္းႏွင္ထားပါတယ္။ ဂိမ္း အသားေပး Chipset ကို အပူခ်ိန္ေလွ်ာ့ခ်ေပးဖို႔ Liquid Cooling Chamber ၁ ခု ထည့္သြင္းထားပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၄ လံုးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး 64MP Main , 8MP Ultrawide , 2MP Depth နဲ႔ 2MP Macro ေတြ ျဖစ္ပါတယ္။ AI Features နဲ႔ Scene Recognition ေတြပါတဲ့ 20MP Selfie Camera ကို Notch မွာ ထည့္သြင္းထားပါတယ္။

Ref : androidauthority

[Unicode]

Redmi Note 8 Pro ကို ဥရောပမှာ ရောင်းပေးလိုက်ပြီ

Redmi Note 8 Pro ဟာ ဒီနှစ်ထဲထွက်တဲ့ တန်ဖိုးသင့် ဖုန်းတွေထဲမှာ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်လာပါတယ်။ အခုတော့ စပိန်မှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး 6/64GB ကို ၂၄၉ ယူရိုနဲ့ 6/128GB ကို ၂၆၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄၁၀,၀၀၀ နဲ့ ၄၄၀,၀၀၀ လောက် ရှိပါတယ်။ တခြား ဥရောပနိုင်ငံတွေမှာ ရောင်းမယ့် ဈေးကို မသိရသေးပေမယ့် သိပ်ကွာမှာ မဟုတ်ပါဘူး။ စပိန်မှာ Redmi Note 8 Pro ကို ဒီလ ၂၆ ရက်နေ့မှာ Mi.com , Mi Stores နဲ့ AliExpress တို့ကနေ ရောင်းပေးမှာပါ။

64MP Main Camera နဲ့ ဂိမ်း အသားပေး MediaTek Helio G90T Chipset တွေကြောင့် Redmi Note 8 Pro ကို ကြေညာစဉ်က နာမည်ကြီးသွားခဲ့ပါတယ်။ အဲဒီ ဖုန်းရဲ့ အလန်းစား Features တွေက အဲဒါတွေတင်မကသေးပါဘူး။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh Battery ကလည်း အရမ်း မိုက်ပါတယ်။

Redmi Note 8 Pro ဟာ အလန်းစား ဖုန်း ၁ လုံးဖြစ်ပြီး ကင်မရာကလည်း မိုက်ပါတယ်။ ၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ Octa-core CPU ပါတဲ့ Helio G90T Chipset မောင်းနှင်ထားပါတယ်။ ဂိမ်း အသားပေး Chipset ကို အပူချိန်လျှော့ချပေးဖို့ Liquid Cooling Chamber ၁ ခု ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

Ref : androidauthority