[Zawgyi]

Redmi က ဒီလ ၂၉ ရက္မွာ သူ႔ရဲဲ႕ ပထမဆံုး စမတ္တီဗီကို ေၾကညာေတာ့မွာ ျဖစ္ၿပီး အဲဒီပြဲမွာပဲ Note 8 Series ေတြကို မိတ္ဆက္ႏိုင္ပါတယ္။ Note 7 Series ေတြလိုပဲ Redmi Note 8 နဲ႔ Note 8 Pro ဆိုၿပီး အနည္းဆံုး ၂ လံုးထြက္လာမယ္လို႔ ထင္ပါတယ္။ Redmi Note 8 Pro ရဲ႕ အေနာက္ဘက္မွာ 64MP Camera ၁ လံုး ပါလာႏုိင္ပါတယ္။

အခုေတာ့ Redmi Note 8 Pro ရဲ႕ ဓါတ္ပံုေတြထြက္လာၿပီး ဒီဇိုင္းက K20 Series ေတြနဲ႔ ဆင္တူပါတယ္။ အဲဒီ ဓါတ္ပံုေတြကို သံုးစြဲသူ ၁ ေယာက္က တြစ္တာမွာ မွ်ေ၀ထားတာျဖစ္ၿပီး သူက ဒါဟာ Redmi Note 8 Pro လို႔ ေျပာပါတယ္။ Note 7 Series ေတြမွာလို အေနာက္ကင္မရာေတြကို ဘယ္ဘက္အေပၚေထာင့္မွာ မတပ္ဆင္ထားဘဲ အလယ္မွာ တပ္ဆင္ထားပါတယ္။ Note 8 Pro မွာ အေနာက္ကင္မရာ ၄ လံုး ပါပါတယ္။ အေနာက္ဘက္ကို ဖန္ျဖင့္ ဖံုးအုပ္ထားၿပီး Redmi K20 နဲ႔ K20 Pro တို႔လို ေတာက္ေျပာင္တဲ့ အလန္းစား ဒီဇိုင္း ျဖစ္ပါတယ္။  အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ မပါပါဘူး။

ၿပီးခဲ့တဲ့ ရက္ပိုင္းက Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ Lu Weibing က Redmi Note 8 ရဲ႕ သတင္းအခ်ိဳ႕ကို Weibo မွာ မွ်ေ၀ထားပါတယ္။ သူက စမတ္ဖုန္း အသစ္ရဲ႕ ကင္မရာနဲ႔ ဘက္ထရီ သက္တမ္းဟာ ပိုလန္းလာၿပီး Screen-to-body Ratio ျမင့္မားတဲ့အတြက္ ကိုင္ရတာလည္း သက္ေတာင့္သက္သာရွိတယ္လို႔ ပို႔စ္မွာ ေရးသားထားပါတယ္။ Weibo က ပို႔စ္ကို Redmi Note 8 နဲ႔ တင္ထားတာေတြ႕ရပါတယ္။

Ref : droidholic

[Unicode]

Redmi Note 8 Pro ရဲ့ Hands-on Image ထွက်ပေါ်လာ

Redmi က ဒီလ ၂၉ ရက်မှာ သူ့ရဲ့ ပထမဆုံး စမတ်တီဗီကို ကြေညာတော့မှာ ဖြစ်ပြီး အဲဒီပွဲမှာပဲ Note 8 Series တွေကို မိတ်ဆက်နိုင်ပါတယ်။ Note 7 Series တွေလိုပဲ Redmi Note 8 နဲ့ Note 8 Pro ဆိုပြီး အနည်းဆုံး ၂ လုံးထွက်လာမယ်လို့ ထင်ပါတယ်။ Redmi Note 8 Pro ရဲ့ အနောက်ဘက်မှာ 64MP Camera ၁ လုံး ပါလာနိုင်ပါတယ်။

အခုတော့ Redmi Note 8 Pro ရဲ့ ဓါတ်ပုံတွေထွက်လာပြီး ဒီဇိုင်းက K20 Series တွေနဲ့ ဆင်တူပါတယ်။ အဲဒီ ဓါတ်ပုံတွေကို သုံးစွဲသူ ၁ ယောက်က တွစ်တာမှာ မျှဝေထားတာဖြစ်ပြီး သူက ဒါဟာ Redmi Note 8 Pro လို့ ပြောပါတယ်။ Note 7 Series တွေမှာလို အနောက်ကင်မရာတွေကို ဘယ်ဘက်အပေါ်ထောင့်မှာ မတပ်ဆင်ထားဘဲ အလယ်မှာ တပ်ဆင်ထားပါတယ်။ Note 8 Pro မှာ အနောက်ကင်မရာ ၄ လုံး ပါပါတယ်။ အနောက်ဘက်ကို ဖန်ဖြင့် ဖုံးအုပ်ထားပြီး Redmi K20 နဲ့ K20 Pro တို့လို တောက်ပြောင်တဲ့ အလန်းစား ဒီဇိုင်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မပါပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က Redmi Note 8 ရဲ့ သတင်းအချို့ကို Weibo မှာ မျှဝေထားပါတယ်။ သူက စမတ်ဖုန်း အသစ်ရဲ့ ကင်မရာနဲ့ ဘက်ထရီ သက်တမ်းဟာ ပိုလန်းလာပြီး Screen-to-body Ratio မြင့်မားတဲ့အတွက် ကိုင်ရတာလည်း သက်တောင့်သက်သာရှိတယ်လို့ ပို့စ်မှာ ရေးသားထားပါတယ်။ Weibo က ပို့စ်ကို Redmi Note 8 နဲ့ တင်ထားတာတွေ့ရပါတယ်။

Ref : droidholic