[Zawgyi]

ေမာ္ဒယ္နံပါတ္ M1912G7GBE/C နာမည္ရ Xiaomi ရဲ႕ ဖုန္း ၁ လံုးကို မၾကာခင္က တရုတ္ရဲ႕ 3C Authority မွာ မွတ္ပံုတင္ခဲ့ပါတယ္။ Leakster ၁ ေယာက္က ဒါဟာ Redmi Note 8 Pro ကို Snapdragon 730G Chipset နဲ႔ အဆင့္ျမွင့္ထားတဲ့ ေမာ္ဒယ္ ျဖစ္မယ္လို႔ ေျပာခဲ့ပါတယ္။ အခုေတာ့ Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ Lu Weibing က အဲဒီ သတင္းကို ျငင္းဆိုလိုက္ပါတယ္။

၀ီဘို အသံုးျပဳသူ ၁ ေယာက္က  Snapdragon 730G Chipset , 27W Fast Charging နဲ႔ In-display Fingerprint Reader ပါတဲ့ Redmi Note 8 Pro ထြက္လာမလားလို႔ ေမးတာကို Lu Weibing က No လို႔ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။ ေမာ္ဒယ္နံပါတ္ M1912G7GBE/C နာမည္ရ Xiaomi ရဲ႕ ဖုန္းက ဘာျဖစ္မလဲဆိုတာ  မသိရေသးပါဘူး။ အဲဒီ ဖုန္းမွာ 27W Fast Charging ပါမယ္လို႔ 3C မွာ ေဖာ္ျပထားတဲ့အတြက္ စြမ္းေဆာင္ရည္ျမင့္ ဖုန္း ျဖစ္ႏုိင္ပါတယ္။

ဒါ့အျပင္ ေမာ္ဒယ္နံပါတ္   M1911U2E နာမည္ရ Xiaomi ရဲ႕ ေနာက္ထပ္ 5G စမတ္ဖုန္း ၁ လံုးလည္း ရွိပါေသးတယ္။ တရုတ္မွာ အဲဒီ စမတ္ဖုန္းကို National Radio Authority က ခြင့္ျပဳထားၿပီ ျဖစ္ၿပီး 5G စမတ္ဖုန္းဆိုတာ အတည္ျပဳထားၿပီးပါၿပီ။ ဒါေပမယ့္ 3C ရဲ႕ ခြင့္ျပဳခ်က္ မရေသးပါဘူး။ ဒါဟာ ေနာက္ထြက္မယ့္ Redmi K30 5G ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါေပမယ့္ ေသခ်ာေပါက္ မေျပာႏိုင္ေသးပါဘူး။

Redmi K30 Series ေတြကို ဒီႏွစ္ေႏွာင္းပိုင္းမွာ ေၾကညာမယ္လို႔ အရင္က သတင္းထြက္ခဲ့ေပမယ့္ Weibing က ေနာက္ႏွစ္က်မွ ေရာင္းမယ္လို႔ ၿပီးခဲ့တဲ့ ၁ ပတ္က အတည္ျပဳခဲ့ပါတယ္။ အဲဒီ စမတ္ဖုန္းေတြမွာ 5G ဆက္သြယ္မႈ ပါလာမွာ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

Snapdragon 730G ပါမယ့် Redmi Note 8 Pro မထွက်ဘူးလို့ ကုမ္ပဏီပြော

မော်ဒယ်နံပါတ် M1912G7GBE/C နာမည်ရ Xiaomi ရဲ့ ဖုန်း ၁ လုံးကို မကြာခင်က တရုတ်ရဲ့ 3C Authority မှာ မှတ်ပုံတင်ခဲ့ပါတယ်။ Leakster ၁ ယောက်က ဒါဟာ Redmi Note 8 Pro ကို Snapdragon 730G Chipset နဲ့ အဆင့်မြှင့်ထားတဲ့ မော်ဒယ် ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က အဲဒီ သတင်းကို ငြင်းဆိုလိုက်ပါတယ်။

ဝီဘို အသုံးပြုသူ ၁ ယောက်က Snapdragon 730G Chipset , 27W Fast Charging နဲ့ In-display Fingerprint Reader ပါတဲ့ Redmi Note 8 Pro ထွက်လာမလားလို့ မေးတာကို Lu Weibing က No လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် M1912G7GBE/C နာမည်ရ Xiaomi ရဲ့ ဖုန်းက ဘာဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ အဲဒီ ဖုန်းမှာ 27W Fast Charging ပါမယ်လို့ 3C မှာ ဖော်ပြထားတဲ့အတွက် စွမ်းဆောင်ရည်မြင့် ဖုန်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် မော်ဒယ်နံပါတ် M1911U2E နာမည်ရ Xiaomi ရဲ့ နောက်ထပ် 5G စမတ်ဖုန်း ၁ လုံးလည်း ရှိပါသေးတယ်။ တရုတ်မှာ အဲဒီ စမတ်ဖုန်းကို National Radio Authority က ခွင့်ပြုထားပြီ ဖြစ်ပြီး 5G စမတ်ဖုန်းဆိုတာ အတည်ပြုထားပြီးပါပြီ။ ဒါပေမယ့် 3C ရဲ့ ခွင့်ပြုချက် မရသေးပါဘူး။ ဒါဟာ နောက်ထွက်မယ့် Redmi K30 5G ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် သေချာပေါက် မပြောနိုင်သေးပါဘူး။

Redmi K30 Series တွေကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမယ်လို့ အရင်က သတင်းထွက်ခဲ့ပေမယ့် Weibing က နောက်နှစ်ကျမှ ရောင်းမယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က အတည်ပြုခဲ့ပါတယ်။ အဲဒီ စမတ်ဖုန်းတွေမှာ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပါတယ်။

Ref : gizmochina