[Zawgyi]

64MP Camera ပါတဲ့ ကမာၻ႕ ပထမဆံုး စမတ္ဖုန္း Redmi Note 8 Pro ကို ၿပီးခဲ့တဲ့ လအနည္းငယ္က ေၾကညာခဲ့ပါတယ္။ အခုေတာ့ Redmi Note 8 Pro Terminator Edition ကို မိတ္ဆက္လိုက္ပါၿပီ။ မင္းသားႀကီး အာႏိုးရဲ႕ နာမည္ေက်ာ္ Terminator Movie Series ေတြအတြက္ အထူး ဖန္တီးထားတဲ့ ေမာ္ဒယ္ ျဖစ္ပါတယ္။

စပိန္မွာ 6GB+64GB Model ကို ၂၂၉  ယူရိုနဲ႔ ေစ်းေလွ်ာ့ေရာင္းေပးလိုက္ပါတယ္။ ျမန္မာေငြ ၃၉၀,၀၀၀ ေလာက္ရွိပါတယ္။ ဒီလ ၂၉ ရက္ေန႔မွာ ၂၄ နာရီၾကာ Flash Sale အေနနဲ႔ ေရာင္းေပးမယ္လို႔ ကုမၸဏီက ေျပာထားပါတယ္။ ဖုန္း ၀ယ္ယူသူေတြဟာ Terminator: Dark Fate Custom Case ကို လက္ေဆာင္ရမွာပါ။

Redmi Note 8 Pro Terminator Edition ရဲ႕ သတင္းအခ်က္အလက္ေတြကို မသိရေသးပါဘူး။ ဒါေပမယ့္ ဒီဇိုင္း၊ User Interface နဲ႔ In-box Accessory ေတြ ေျပာင္းလဲထားႏုိင္ပါတယ္။ Specs ေတြက ရိုးရိုး ေမာ္ဒယ္နဲ႔ တူႏုိင္ပါတယ္။

Redmi Note 8 Pro မွာ ေရစက္ေရေပါက္ေတြကို ခံႏုိင္တဲ့ IP52 စံႏႈန္းရွိပါတယ္။ ၆.၅၃ လက္မ Full HD+ Display တပ္ဆင္ထားၿပီး ေဘးေဘာင္ေတြက ပါးလႊာပါတယ္။ microSD Card စိုက္ႏုိင္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး 64MP Main , 8MP Ultrawide , 2MP Depth နဲ႔ 2MP Macro ေတြ ျဖစ္ပါတယ္။ AI Features နဲ႔ Scene Recognition ေတြပါတဲ့ 20MP Selfie Camera ကို Notch မွာ ထည့္သြင္းထားပါတယ္။

Android 9 Pie အေျချပဳ MIUI 10 ေမာင္းႏွင္ထားပါတယ္။ Game Turbo 2.0 နဲ႔ HyperEngine  က ဂိမ္းကစားရင္ အရမ္းလန္းပါတယ္။ 18W Fast Charging ပါတဲ့ အရြယ္ႀကီး 4,500mAh Battery ကလည္း အရမ္း မိုက္ပါတယ္။

Ref : gizmochina

[Unicode]

Redmi Note 8 Pro Terminator Edition ကို ရောင်းပြီ

64MP Camera ပါတဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း Redmi Note 8 Pro ကို ပြီးခဲ့တဲ့ လအနည်းငယ်က ကြေညာခဲ့ပါတယ်။ အခုတော့ Redmi Note 8 Pro Terminator Edition ကို မိတ်ဆက်လိုက်ပါပြီ။ မင်းသားကြီး အာနိုးရဲ့ နာမည်ကျော် Terminator Movie Series တွေအတွက် အထူး ဖန်တီးထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။

စပိန်မှာ 6GB+64GB Model ကို ၂၂၉ ယူရိုနဲ့ ဈေးလျှော့ရောင်းပေးလိုက်ပါတယ်။ မြန်မာငွေ ၃၉၀,၀၀၀ လောက်ရှိပါတယ်။ ဒီလ ၂၉ ရက်နေ့မှာ ၂၄ နာရီကြာ Flash Sale အနေနဲ့ ရောင်းပေးမယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။ ဖုန်း ဝယ်ယူသူတွေဟာ Terminator: Dark Fate Custom Case ကို လက်ဆောင်ရမှာပါ။

Redmi Note 8 Pro Terminator Edition ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် ဒီဇိုင်း၊ User Interface နဲ့ In-box Accessory တွေ ပြောင်းလဲထားနိုင်ပါတယ်။ Specs တွေက ရိုးရိုး မော်ဒယ်နဲ့ တူနိုင်ပါတယ်။

Redmi Note 8 Pro မှာ ရေစက်ရေပေါက်တွေကို ခံနိုင်တဲ့ IP52 စံနှုန်းရှိပါတယ်။ ၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

Android 9 Pie အခြေပြု MIUI 10 မောင်းနှင်ထားပါတယ်။ Game Turbo 2.0 နဲ့ HyperEngine က ဂိမ်းကစားရင် အရမ်းလန်းပါတယ်။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh Battery ကလည်း အရမ်း မိုက်ပါတယ်။

Ref : gizmochina