Zawgyi

Xiaomi ကေန မိတ္ဆက္ထားခဲ့တဲ့ Redmi Note 7 နဲ႔ Note 7 Pro စမတ္ဖုန္းေတြဟာ ယခုႏွစ္အတြက္ ေတာ္ေတာ္ေလးကို ေအာင္္ျမင္တဲ့ စမတ္ဖုန္းေတြလုိ႔ ေျပာလို႔ရပါတယ္။ အခုဆုိရင္ Xiaomi ရဲ႕ ေၾကညာခ်က္အရ Redmi Note 7 Series ဖုန္းေတြကို အလံုးေရ သန္း ၂၀ ေက်ာ္အထိ ေရာင္းခ်ထားရျပီျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Xiaomi ကေန ဒီ Redmi Note 7 Series စမတ္ဖုန္းေတြရဲ႕ မ်ိဳးဆက္သစ္ျဖစ္လာမယ့္ Redmi Note 8 နဲ႔ Redmi Note 8 Pro စမတ္ဖုန္းေတြ မိတ္ဆက္မယ့္အခ်ိန္ကို တရားဝင္ထုတ္ျပန္ေၾကညာလုိက္ပါျပီ။ အခုေၾကညာခ်က္ကို တရုတ္ႏုိင္ငံရဲ႕ Social Network တစ္ခုျဖစ္တဲ့ Weibo မွာ ေဖာ္ျပခဲ့တာျဖစ္ျပီးေတာ့ လာမယ့္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မွာပဲျဖစ္ပါတယ္။

Teaser ဓါတ္ပံုအရ Redmi Note 8 Pro စမတ္ဖုန္းဟာ Triple Camera Setup ကို ေဒါင္လိုက္ထည့္သြင္းထားျပီး ေဘးဘက္မွာလည္း ToF Camera နဲ႔ LED Flash ပါဝင္လာမွာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ မၾကာေသးခင္က မိတ္ဆက္ထားခဲ့တဲ့ Realme 5 Pro ဖုန္းေတြလုိမ်ိဳးပဲ Quad Camera ပါဝင္သြားမွာက ေသခ်ာသြားပါျပီ။

ေနာက္ထပ္ ထူးျခားခ်က္တစ္ခုက Redmi Note 8 Pro မွာ 64MP Primary Sensor ကို အသံုးျပဳလာမွာပါ။ က်န္တဲ့ Camera ေတြကေတာ့ Ultrawide Camera နဲ႔ Depth Sensor ေတြျဖစ္လာႏုိင္ပါတယ္။ ေနာက္ျပီး ဒီ 64MP Primary Sensor က Redmi Note 8 Pro မွာပဲ ပါဝင္လာႏုိင္ျပီးေတာ့ Redmi Note 8 မွာေတာ့ ပံုမွန္ 48MP Primary Sensor ပဲပါဝင္လာႏုိင္ဖြယ္ရွိေနပါတယ္။

Redmi Note 8 Pro ရဲ႕ Camera Setup ေအာက္မွာလည္း Fingerprint Sensor ပါဝင္ေနတဲ့အတြက္ Under-Display Fingerprint ကေတာ့ ပါဝင္လာဖုိ႔မရွိပါဘူး။ အဲ့ဒီအတြက္ Display ကလည္း LCD Display ကိုပဲ ဆက္ျပီး အသံုးျပဳလာဖုိ႔မ်ားေနပါတယ္။

Processor အေနနဲ႔ကေတာ့ MediaTek ရဲ႕ Helio G90T Gaming Processor ကို သံုးလာမယ္လုိ႔ ယူဆရျပီး Battery အေနနဲ႔လည္း ၾကီးမားတဲ့ 5000mAh Battery ပါဝင္လာႏုိင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Redmi Note 8 Pro ကို ေစာင့္ေနတဲ့သူေတြအေနနဲ႔ကေတာ့ လာမယ့္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ျမင္ရေတာ့မွာပါ။

Ref : GSMArena

Unicode

Xiaomi ကနေ မိတ်ဆက်ထားခဲ့တဲ့ Redmi Note 7 နဲ့ Note 7 Pro စမတ်ဖုန်းတွေဟာ ယခုနှစ်အတွက် တော်တော်လေးကို အောင်မြင်တဲ့ စမတ်ဖုန်းတွေလို့ ပြောလို့ရပါတယ်။ အခုဆိုရင် Xiaomi ရဲ့ ကြေညာချက်အရ Redmi Note 7 Series ဖုန်းတွေကို အလုံးရေ သန်း ၂၀ ကျော်အထိ ရောင်းချထားရပြီဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ ဒီ Redmi Note 7 Series စမတ်ဖုန်းတွေရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် Redmi Note 8 နဲ့ Redmi Note 8 Pro စမတ်ဖုန်းတွေ မိတ်ဆက်မယ့်အချိန်ကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါပြီ။ အခုကြေညာချက်ကို တရုတ်နိုင်ငံရဲ့ Social Network တစ်ခုဖြစ်တဲ့ Weibo မှာ ဖော်ပြခဲ့တာဖြစ်ပြီးတော့ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။

Teaser ဓါတ်ပုံအရ Redmi Note 8 Pro စမတ်ဖုန်းဟာ Triple Camera Setup ကို ဒေါင်လိုက်ထည့်သွင်းထားပြီး ဘေးဘက်မှာလည်း ToF Camera နဲ့ LED Flash ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မကြာသေးခင်က မိတ်ဆက်ထားခဲ့တဲ့ Realme 5 Pro ဖုန်းတွေလိုမျိုးပဲ Quad Camera ပါဝင်သွားမှာက သေချာသွားပါပြီ။

နောက်ထပ် ထူးခြားချက်တစ်ခုက Redmi Note 8 Pro မှာ 64MP Primary Sensor ကို အသုံးပြုလာမှာပါ။ ကျန်တဲ့ Camera တွေကတော့ Ultrawide Camera နဲ့ Depth Sensor တွေဖြစ်လာနိုင်ပါတယ်။။ နောက်ပြီး ဒီ 64MP Primary Sensor က Redmi Note 8 Pro မှာပဲ ပါဝင်လာနိုင်ပြီးတော့ Redmi Note 8 မှာတော့ ပုံမှန် 48MP Primary Sensor ပဲပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

Redmi Note 8 Pro ရဲ့ Camera Setup အောက်မှာလည်း Fingerprint Sensor ပါဝင်နေတဲ့အတွက် Under-Display Fingerprint ကတော့ ပါဝင်လာဖို့မရှိပါဘူး။ အဲ့ဒီအတွက် Display ကလည်း LCD Display ကိုပဲ ဆက်ပြီး အသုံးပြုလာဖို့များနေပါတယ်။

Processor အနေနဲ့ကတော့ MediaTek ရဲ့ Helio G90T Gaming Processor ကို သုံးလာမယ်လို့ ယူဆရပြီး Battery အနေနဲ့လည်း ကြီးမားတဲ့ 5000mAh Battery ပါဝင်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Redmi Note 8 Pro ကို စောင့်နေတဲ့သူတွေအနေနဲ့ကတော့ လာမယ့် သြဂုတ်လ ၂၉ ရက်နေ့မှာ မြင်ရတော့မှာပါ။

Ref : GSMArena