[Zawgyi]






Ref : gizmochina

[Unicode]

Redmi Note 8 Pro World of Warcraft Edition ကို ၄ သိန်းလောက် သတ်မှတ်ထား

သြဂုတ်လ ၂၈ ရက်နေ့မှာ Redmi Note 8 , Redmi Note 8 Pro တို့ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Redmi Note 8 Pro World of Warcraft Edition ကိုပါ ပြသခဲ့ပေမယ့် ဈေးနှုန်းကိုတော့ မပြောသွားခဲ့ပါဘူး။ အခုတော့ ကုမ္ပဏီက အဲဒီ ဖုန်းကို ရောင်းမယ့် အချိန်နဲ့ ဈေးနှုန်းကို ကြေညာလိုက်ပါပြီ။ ၁၆ ရက်နေ့မှာ Xiaomi Mall ကနေ တရုတ်မှာ ရောင်းပေးတော့မှာ ဖြစ်ပြီး ၁,၈၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄ သိန်းလောက်ရှိပါတယ်။

Horde နဲ့ Alliance Model ၂ ခု ထုတ်လုပ်ပေးထားပါတယ်။ Horde Model ကို အနက်နဲ့ အနီရောင် ဘူးခွံထဲမှာ ထည့်ထားပါတယ်။ ဒါ့အပြင် အဲဒီ အရောင်တွေ ပါတဲ့ Case ကိုလည်းထုတ်လုပ်ပေးထားပြီး World of Warcraft Cards တွေ ပါပါတယ်။ Alliance Model မှာတော့ အဖြူနဲ့ အပြာရောင် ဘူးခွံပါပြီး အနက်နဲ့ အပြာရောင် Case ထည့်ထားပါတယ်။ World of Warcraft Cards တွေ ပါပါတယ်။

Specs တွေကတော့ မူလ Redmi Note 8 Pro နဲ့ တူညီပါတယ်။ 64MP Main Camera နဲ့ ဂိမ်း အသားပေး MediaTek Helio G90T Chipset တွေကြောင့် Redmi Note 8 Pro ကို ကြေညာစဉ်က နာမည်ကြီးသွားခဲ့ပါတယ်။ အဲဒီ ဖုန်းရဲ့ အလန်းစား Features တွေက အဲဒါတွေတင်မကသေးပါဘူး။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh Battery ကလည်း အရမ်း မိုက်ပါတယ်။

Redmi Note 8 Pro ဟာ အလန်းစား ဖုန်း ၁ လုံးဖြစ်ပြီး ကင်မရာကလည်း မိုက်ပါတယ်။ ၆.၅၃ လက်မ Full HD+ Display တပ်ဆင်ထားပြီး ဘေးဘောင်တွေက ပါးလွှာပါတယ်။ Octa-core CPU ပါတဲ့ Helio G90T Chipset မောင်းနှင်ထားပါတယ်။ ဂိမ်း အသားပေး Chipset ကို အပူချိန်လျှော့ချပေးဖို့ Liquid Cooling Chamber ၁ ခု ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ AI Features နဲ့ Scene Recognition တွေပါတဲ့ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။

Ref : gizmochina