[Zawgyi]

Redmi Note 8 Series ေတြဟာ အိႏၵိယနဲ႔ အင္ဒိုနီးရွားမွာ ေရာင္းအား ဖလန္းဖလန္းထေနပါတယ္။ အခုေတာ့ Xiaomi Indonesia က ၁ လအတြင္းမွာ Redmi Note 8 Series ေတြ အလံုးေရ ၁၂၅,၀၀၀ ေက်ာ္ ေရာင္းခ်ႏိုင္တယ္လို႔ ေၾကညာလိုက္ပါတယ္။ အင္ဒိုနီးရွားမွာ ေရာင္းအား စံခ်ိန္တင္သြားတာ ျဖစ္ၿပီး Xiaomi ဟာ အဲဒီ ႏုိင္ငံရဲ႕ စမတ္ဖုန္းေစ်းကြက္မွာ ဒုတိယ အမ်ားဆံုး ရထားပါတယ္။

ေရာင္းအား စံခ်ိန္တင္သြားတာကို ဂုဏ္ျပဳတဲ့ အေနနဲ႔ Xiaomi Indonesia က ႏုိင္ငံရဲ႕ ဂုဏ္ျပဳပြဲ အခမ္းအနား ဟင္းလ်ာျဖစ္တဲ့ Tumpeng နဲ႔အတူ အႀကီးစား ကိတ္မုန္႔ကို မွာယူခဲ့ပါတယ္။ အင္ဒိုနီးရွားရဲ႕ စမတ္ဖုန္းေစ်းကြက္မွာ Samsung က နံပါတ္ ၁ ေနရာကို သိမ္းပိုက္ထားၿပီး ေစ်းကြက္ေ၀စု ၂၂ ရာခုိင္ႏႈန္း ရထားပါတယ္။ Xiaomi က ၂၀ ရာခုိင္ႏႈန္းနဲ႔ နံပါတ္ ၂ ေနရာကေန အမွီလိုက္ေနပါတယ္။ Redmi Note 8 Series ေတြ ေရာင္းအား လန္းေနတဲ့အတြက္ လာမယ့္ ကြာတားေတြမွာ Xiaomi က Samsung ကို ရင္ေဘာင္တန္းႏုိင္မယ္လို႔ ထင္ပါတယ္။

Redmi Note 8 နဲ႔ Note 8 Pro ေတြဟာ ေပးရတဲ့ ေစ်းထက္ တန္တဲ့ အတြက္ လူႀကိဳက္ အရမ္းမ်ားပါတယ္။ Pro Model မွာ ၆.၅၃ လက္မ IPS LCD Dsiplay တပ္ဆင္ထားၿပီး အရြယ္ေသး Notch ပါပါတယ္။ Helio G90T Processor ေမာင္းနွင္ထားၿပီး 6GB or 8GB RAM ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ 128GB UFS 2.1 Storage အထိ ပံ့ပိုးေပးထားပါတယ္။ အေနာက္ဘက္မွာ 64MP Main နဲ႔အတူ 8MP Ultrawide Camera,  2MP Macro Camera နဲ႔ 2MP Depth Sensor ေတြ ထည့္သြင္းထားပါတယ္။ 18W Fast Charge ပါတဲ့ 4,500mAh Battery ပါပါတယ္။

Redmi Note 8 3/32GB Model ကို 1,999,000 Indonesian Rupiah ($142) နဲ႔ Note 8 Pro 6/64GB Model ကို 2,999,999 Indonesian Rupiah ($219) သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၂၁၀,၀၀၀ နဲ႔ ၃၂၀,၀၀၀ ေလာက္ အသီးသီး တန္ေၾကးရွိပါတယ္။

Ref : gizmochina

[Unicode]

၁ လအတွင်း Redmi Note 8 Series တွေ အင်ဒိုနီးရှားမှာ အလုံးရေ ၁၂၅,၀၀၀ ကျော် ရောင်းချနိုင်

Redmi Note 8 Series တွေဟာ အိန္ဒိယနဲ့ အင်ဒိုနီးရှားမှာ ရောင်းအား ဖလန်းဖလန်းထနေပါတယ်။ အခုတော့ Xiaomi Indonesia က ၁ လအတွင်းမှာ Redmi Note 8 Series တွေ အလုံးရေ ၁၂၅,၀၀၀ ကျော် ရောင်းချနိုင်တယ်လို့ ကြေညာလိုက်ပါတယ်။ အင်ဒိုနီးရှားမှာ ရောင်းအား စံချိန်တင်သွားတာ ဖြစ်ပြီး Xiaomi ဟာ အဲဒီ နိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်မှာ ဒုတိယ အများဆုံး ရထားပါတယ်။

ရောင်းအား စံချိန်တင်သွားတာကို ဂုဏ်ပြုတဲ့ အနေနဲ့ Xiaomi Indonesia က နိုင်ငံရဲ့ ဂုဏ်ပြုပွဲ အခမ်းအနား ဟင်းလျာဖြစ်တဲ့ Tumpeng နဲ့အတူ အကြီးစား ကိတ်မုန့်ကို မှာယူခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ စမတ်ဖုန်းဈေးကွက်မှာ Samsung က နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပြီး ဈေးကွက်ဝေစု ၂၂ ရာခိုင်နှုန်း ရထားပါတယ်။ Xiaomi က ၂၀ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ နေရာကနေ အမှီလိုက်နေပါတယ်။ Redmi Note 8 Series တွေ ရောင်းအား လန်းနေတဲ့အတွက် လာမယ့် ကွာတားတွေမှာ Xiaomi က Samsung ကို ရင်ဘောင်တန်းနိုင်မယ်လို့ ထင်ပါတယ်။

Redmi Note 8 နဲ့ Note 8 Pro တွေဟာ ပေးရတဲ့ ဈေးထက် တန်တဲ့ အတွက် လူကြိုက် အရမ်းများပါတယ်။ Pro Model မှာ ၆.၅၃ လက်မ IPS LCD Dsiplay တပ်ဆင်ထားပြီး အရွယ်သေး Notch ပါပါတယ်။ Helio G90T Processor မောင်းနှင်ထားပြီး 6GB or 8GB RAM တွေ ရွေးချယ်နိုင်ပါတယ်။ 128GB UFS 2.1 Storage အထိ ပံ့ပိုးပေးထားပါတယ်။ အနောက်ဘက်မှာ 64MP Main နဲ့အတူ 8MP Ultrawide Camera, 2MP Macro Camera နဲ့ 2MP Depth Sensor တွေ ထည့်သွင်းထားပါတယ်။ 18W Fast Charge ပါတဲ့ 4,500mAh Battery ပါပါတယ်။

Redmi Note 8 3/32GB Model ကို 1,999,000 Indonesian Rupiah ($142) နဲ့ Note 8 Pro 6/64GB Model ကို 2,999,999 Indonesian Rupiah ($219) သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂၁၀,၀၀၀ နဲ့ ၃၂၀,၀၀၀ လောက် အသီးသီး တန်ကြေးရှိပါတယ်။

Ref : gizmochina