[Zawgyi]





Ref : gadgets.ndtv

[Unicode]

Redmi Note 8 Series တွေကို ၁ ရက်အတွင်းမှာ စာရင်းပေးသွင်းသူ ၁ သန်းကျော်သွားပြီ

တရုတ်မှာ Redmi Note 8 Series တွေကို ဝယ်ယူဖို့ စာရင်းပေးသွင်းခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ၁ ရက်အတွင်းမှာ စာရင်းပေးသွင်းသူ ၁ သန်းကျော်သွားပြီ ဖြစ်တယ်လို့ Xiaomi က ကြေညာလိုက်ပါတယ်။ Redmi Note 8 နဲ့ Note 8 Pro တို့ကို ဒီလ ၂၉ ရက်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ Note 8 Pro မှာ 64MP Main Sensor အပါအဝင် အနောက်ကင်မရာ ၄ လုံးထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။

Redmi Note 7 Series တွေဟာလည်း အရမ်းကို ရောင်းကောင်းနေပါတယ်။ ဒီတစ်ပတ်အစောပိုင်းက Xiaomi ဟာ ကမ္ဘာအဝန်းမှာ Redmi Note 7 Series တွေ သန်း ၂၀ ကျော် ရောင်းချနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ Redmi Note 8 Series တွေအတွက် Gaming Accessories တွေကိုလည်း ထုတ်လုပ်ပေးမှာ ဖြစ်ပြီး Liquid Cooling နဲ့ အရွယ်ကြီး ဘက်ထရီတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

MediaTek က ပြီးခဲ့တဲ့ လနှောင်းပိုင်းမှာ ဂိမ်း အသားပေး Helio G90 နဲ့ Helio G90T Chipsets တွေကို ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ Redmi က Helio G90T ပါတဲ့ ပထမဆုံး စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ မကြာခင်ကတော့ MediaTek က Redmi Note 8 နဲ့ Note 8 Pro တို့မှာ အဲဒီ Chipset ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

Note 8 Pro မှာ 25x Zoom ပါလာနိုင်ပြီး ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ Lu Weibing က 4,500mAh Battery ပါမယ်လို့ အတည်ပြုထားပါတယ်။ 18W Fast Charging လည်း ပါလာနိုင်ပါတယ်။

Ref : gadgets.ndtv