[Zawgyi]
Ref : gsmarena
[Unicode]
NFC နဲ့ ပိုမြန်တဲ့ 18W Charger ပါလာတဲ့ Redmi Note 8T
Xiaomi က Redmi Note 8T ကို ချပြလိုက်ပါပြီ။ အဲဒီ ဖုန်းမှာ Redmi Note 8 မှာ မပါတဲ့ NFC ထည့်ထားသလို ပိုမြန်တဲ့ 18W Charger ပါလာပါတယ်။ ဒီဇိုင်းနဲ့ တခြား Specs တွေက တူညီကြပါတယ်။ ၆.၃ လက်မ FHD+ Display တပ်ဆင်ထားပြီး အရွယ်သေး Notch ပါလာပါတယ်။ Notch မှာ 13MP Selfie Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးပါလာပြီး 48MP Main Lens, 8MP Ultrawide , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။
Redmi Note 8T မှာ Qualcomm Snapdragon 665 Chipset မောင်းနှင်ထားပါတယ်။ 3GB or 4GB RAM နဲ့ 128GB Storage အထိရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် microSD Card စိုက်နိုင်ပါတယ်။ 18W Charger နဲ့အတူ 4,000mAh Battery ထည့်သွင်းထားပါတယ်။ Android 9 Pie အခြေပြု MIUI 10 ထည့်သွင်းထားပါတယ်။
Redmi Note 8T အတွက် အပြာ၊ အဖြူနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပါတယ်။ 4/64GB Model ကို ယူရို ၁၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၃၃၀,၀၀၀ လောက်ရှိပါတယ်။ စပိန်နဲ့ အီတလီမှာ နိုဝင်ဘာလ ၈ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး ၁၃ ရက်နေ့မှာ ပြင်သစ်နဲ့ ၁၅ ရက်နေ့မှာ ဂျာမနီမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ တခြား ဥရောပနိုင်ငံတွေမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ပိုဈေးသက်သာတဲ့ 3/32GB ကို ၁၇၉ ယူရိုနဲ့ 4/128GB ကို ၂၄၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၃၀၀,၀၀၀ နဲ့ ၄၁၀,၀၀၀ လောက်ကျသင့်ပါတယ်။
Ref : gsmarena