Redmi က တရုတ်မှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က Note 9 Series ဖုန်း အသစ် ၃ လုံးကို ကြေညာခဲ့ပြီး အဲဒါတွေက Redmi Note 9 Pro 5G , Redmi Note 9 5G နဲ့ Redmi Note 9 4G တို့ ဖြစ်ကြပါတယ်။ အခုတော့ Redmi Note 9 4G ကို EEC မှာ မော်ဒယ်နံပါတ် M2010j19SG အဖြစ် မှတ်ပုံတင်ထားတဲ့အတွက် နိုင်ငံတကာမှာ ကြေညာဖို့ တော်တော် နီးစပ်နေပြီလို့ ထင်ရပါတယ်။ တွစ်တာက Tipster ၁ ယောက်က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး Redmi ကတော့အတည်ပြုထားတာ မရှိသေးပါဘူး။

Redmi Note 9 4G

Redmi Note 9 4G ရဲ့ Specs တွေကို ပြန်လည် လေ့လာကြည့်ရအောင်။ Redmi Note 9 4G မှာ ၆.၅၃ လက်မ LCD မျက်နှာပြင် ထည့်သွင်းထားပြီး FHD+ Resolution ဖြစ်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ Snapdragon 662 Chipset မောင်းနှင်ထားပြီး Adreno 610 GPU ထည့်ထားပါတယ်။ အနောက်ကင်မရာ ၃ လုံး ပါလာပြီး 48MP Main , 8MP Ultrawide နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ 1080p 30fps ဗီဒီယိုပဲ ရိုက်ကူးပေးနိုင်ပြီး HDR Support ပါပါတယ်။ Punch Hole မဟုတ်ဘဲ အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။

Android 10 အခြေပြု MIUI 12 မောင်းနှင်ထားပြီး အရွယ်ကြီး 6,000mAh ဘက်ထရီနဲ့ 18W Fast Charging ထောက်ပံ့ထားပါတယ်။ 2.5W Reverse Charging လည်း ပါလာပြီး အညို၊ အစိမ်း၊ အပြာနဲ့ လိမ္မော်ရောင်တွေ ထုတ်လုပ်ထားပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး ဆက်သွယ်မှု အပိုင်းမှာ Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, Bluetooth 4.2, A2DP, GPS, NFC နဲ့ USB Type-C 2.0 တွေ ထောက်ပံ့ထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 162.3 x 77.3 x 9.6 mm ဖြစ်ပြီး ၁၉၈ ဂရမ် အလေးချိန်ရှိပါတယ်။

Pricing

Redmi Note 9 4G 4GB + 128GB – 999 yuan (US$ 152 / Rs. 11,210 approx.)

Redmi Note 9 4G 6GB + 128GB – 1099 yuan (US$ 167 / Rs. 12,335 approx.)

Redmi Note 9 4G 8GB + 128GB – 1299 yuan (US$ 197 / Rs. 14,575 approx.)

၂ သိန်း ၊ ၂ သိန်း ၂ သောင်းနဲ့ ၂ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena